Home
နိုင်ငံတကာ
ဟူနန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုး
DVB
·
July 1, 2023
00000000

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ ရှန်းရှီးတူးကျာနဲ့ မြောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရှိ ဧရိယာ အသီးသီးမှာ ဇွန် ၃၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းတွေ၊ လူနေအဆောက်အအုံတွေနဲ့ စိုက်ပျိုးရေးဆိုင်ရာ အဆောက်အအုံတွေကို ကျယ်ကျယ်ပြန့်ပြန့် ရေလွှမ်းမိုးပြီး ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ 

ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ ပြင်းထန်တဲ့ ရာသီဥတုသတိပေးချက်တွေကို မြန်မြန်ဆန်ဆန် ထုတ်ပြန်ခဲ့ပြီး အခြေအနေကိုဖြေရှင်းဖို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း စီစဉ်ခဲ့ပါတယ်။ 

စီရင်စုအတွင်းရှိ ပေါင်းရှင်း ကောင်တီရဲ့ မြို့ပြဧရိယာနဲ့ အနီးတဝိုက်ရှိ မြို့နယ်တွေမှာ အထူးသဖြင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခရိုင်အတွင်းမှာ အချိန် ၁၂ နာရီအတွင်း မိုးရေချိန် ၂၈၀ မီလီမီတာနီးပါး ရရှိခဲ့ပါတယ်။ 

ရေကြီးရေလျှံမှုတွေနဲ့အတူ လမ်းတွေဟာ ရွှံ့နွံချောင်းတွေအဖြစ် ပြောင်းလဲသွားခြင်းကြောင့် ဒေသန္တရ မိုးလေဝသဌာနက နေ့လယ်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းအတွက်  အမြင့်ဆုံးအဆင့် အနီရောင်သတိပေးချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကောက်ပဲသီးနှံတွေ၊ နေအိမ်တွေနဲ့ ဈေးဆိုင်တွေ အများအပြား ပျက်စီးခဲ့ပြီး ဒေသခံတွေ အများအပြား သောင်တင်နေခဲ့ပါတယ်။ 

ဒေသခံ မီးသတ်သမားတွေဟာ မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ပြီး ဘေးသင့်ဒေသတွေကို ရော်ဘာလှေတွေနဲ့ အလျင်အမြန် ရောက်ရှိလာခဲ့ကြတာကြောင့် ပေါင်းရှင်းကောင်တီရှိ ၁၂ မြို့နယ်မှ လူ ၁ ထောင်ကျော်ကို ဘေးကင်းတဲ့နေရာတွေဆီ အောင်မြင်စွာ ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။ 

စီရင်စုအတွင်းရှိ ဂူးဆောင်း ကောင်တီနယ်မြေမှာ ဇွန် ၃၀ ရက်က ပျမ်းမျှမိုးရေချိန် ၁၂၅ မီလီမီတာ ရွာသွန်းခဲ့ပြီး တချို့နေရာတွေမှာ မိုးရေချိန် ၂၈၀ မီလီမီတာ ရွာချခဲ့တာကြောင့် မြို့ပြလမ်းတွေမှာ ဆိုးဆိုးရွားရွား ရေနစ်မြုပ်မှုနဲ့ ပတ်ဝန်းကျင်က တောင်တန်းတွေထဲရှိ လမ်းဥမင်လိုဏ်ခေါင်းတခုအနီးမှာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024