ပီရူးနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖေဖော်ဝါရီ ၂၃ ရက်က ရေလွှမ်းမိုးခဲ့ပြီး နေအိမ်တွေနဲ့ လမ်းတွေ ပျက်စီးခဲ့ပါတယ်။
မိုးသည်းသည်းမည်းမည်း ရွာချနိုင်ခြေရှိတာကြောင့် အာဏာပိုင်တွေဟာ မိုကေးဂွါမြို့မှာ အနီရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
“ရေမျက်နှာပြင်က မြင့်လာပြီးတော့ ရေက ဆက်တိုက်တက်လာတဲ့အခါကျ မိသားစု အများအပြား က နေရာအသီးသီးကို ရွှေ့ပြောင်းပေးဖို့ အကူအညီတောင်းနေကြတာ။ စျေးဆိုင်တွေနဲ့ အိမ်တွေ အကုန်ပျောက်ကုန်တာ တွေ့နေရတယ်”လို့ ဒေသဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အကြီးအကဲ အက်စ်တဘန် ရီဗယ်ရာက ပြောပါတယ်။
ယူရာခရိုင်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ခြေ ၅၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံ မီဒီယာက ဖော်ပြပါတယ်။
အင်ညာပါရီကျေးရွာမှာတော့ အေကာမြစ်ရေ မြင့်မောက်လာပြီးနောက်မှာ အိမ်ခြေ ၉၀ ပျက်စီးခဲ့ ကြောင်း ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မြို့တော်ဝန် မီရ်သာ ရူအယ်လာစ်ကတော့ ဒီလိုအခက်အခဲ ကြုံရတဲ့နေအိမ်တွေကို သန့်ရှင်းရေး လုပ်ပေးနေကြောင်းနဲ့ အဲ့လို ပျက်စီးသွားတဲ့ အိမ်တွေ၊လမ်းတွေ အများကြီးပဲလို့ ပြောပါတယ်။
ဆီနမ်ဟီ အမျိုးသားမိုးလေဝသဌာနကတော့ သီတင်းပတ်ကုန်မှာ မိုးဆက်လက်ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။
Source/Photo - Reuters