Home
နိုင်ငံတကာ
ထိုင်းရှေးဟောင်းဘာသာရေးအဆောက်အအုံ မီးလောင် ဘတ် ၁ဝ သန်းခန့် ဆုံးရှုံး
DVB
·
July 1, 2023
356656647_796067475394200_1433364865308309112_n

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဘန်းရခမ်ခရိုင်က နာမည်ကြီးရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ်ထင်ရှားတဲ့ ခလောင်ဝပ်ရိုင်ဘုရားကျောင်းကြီး မီးလောင်သွားပြီး ပျက်စီးဆုံရှုံးမှုတန်ဖိုး ဘတ် ၁ဝ သန်းခန့် ရှိတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဇွန်လ ၃ဝ ရက် မနက်အစောပိုင်း ၃ နာရီခန့်က မီးဖိုချောင်ကနေစတင်ကာခဲ့တာဖြစ်ပြီး ထိုမှတဆင့် တရားဟောခန်းကျယ်ကို ကူးစက်လောင်ကျွမ်းကာ တရားဟောခန်းနဲ့ကပ်လျက် ရဟန်းနေဆောင် အခန်း ၁ဝ ခန်းပါမီးထဲပါသွားခဲ့တာလို့ ဆရတော် ပိုင်ရုပ်ဆန်သရွန်ကစ်က ဆိုပါတယ်။

အဆိုပါမီးလောင်ကျွမ်းခဲ့တဲ့နေရာကို အခင်းဖြစ်ပွါးချင်းနယ်မြေခံမီးသတ်တပ်ဖွဲ့စခန်းကနေ မီးသတ်ယာဥ် ၁ဝ စီးလွှတ်ကာ အမြန်ငြှိမ်းသတ်ခဲ့ပေမဲ့  အဆောက်အအုံ အတော်များများကို မီးကူးစက်လောင်ကျွမ်းနေတဲ့အတွက် တစ်နာရီလောက်ကြာမှသာ မီးငြိမ်းသွားခဲ့တာလို့ ဖော်ပြပါတယ်။

မီးလောင်မှုဖြစ်ပွါးတဲ့ ခလောင်ဝပ်ရိုင်ဘုရားကျောင်းကို နယ်မြေခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့တို့က ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြပြီး မီးလောင်မှုကြောင့် ရဟန်းတွေ ဒဏ်ရာရရှိခဲ့တယ်လို့ဆိုထားပေမဲ့ အသေးစိတ်ကို သတင်းမှာဖော်ပြခြင်းမရှိပါဘူး ။

Source - The Thaiger / Bangkok post

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024