အော်စကာဆုရ မင်းသားကြီ အယ်လန်အာကင် ကွယ်လွန်သွားတာကြောင့် ဇွန်လ ၃၀ရက်က သူရဲ့ ဟောလီးဝုဒ် Walk of Fame ကြယ်ပွင့်ပေါ်မှာ လွမ်းသူ့ပန်းတွေချကာ ဝမ်းနည်းကြောင်း ပြသခဲ့ကြပါတယ်။
၂၀၀၆ ခုနှစ်ရဲ့ Little Miss Sunshine အမည်ရ ဇာတ်ကားမှာ ဘိန်းစွဲနေတဲ့ အဘိုးပုံစံအတိုင်း အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် အော်စကာဆုရရှိခဲ့တဲ့ စွယ်စုံရထူးချွန် သရုပ်ဆောင်ကြီးဟာ အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လန်သွားပြီလို့ သူရဲ့မိသားစုက အတည်ပြုပါ တယ်။
ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အာကင်ဟာ အကယ်ဒမီဆုအတွက် အမည်စာရင်း လျာထားမှုအတွင်း ၄ ကြိမ်အထိ ပါဝင်ခဲ့တဲ့အပြင် ၁၉၆၃ ခုနှစ်မှာ ဒါရိုက်တာ ကားလ် ရိုင်နာရဲ့ Enter Laughing ရုပ်ရှင်ထဲက သူရဲ့ပထမဆုံးသော ဇာတ်ဆောင်နေရာအတွက် Broadway ရဲ့ ထိပ်တန်းဂုဏ်ထူးဆောင်ဆုနဲ့အတူ တိုနီဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Little Miss Sunshine ဇာတ်ကားထဲက ဇာတ်ကောင်နေရာနဲ့ ပတ်သက်ပြီး အာကင် အနေနဲ့ အလွန်ကျန်းမာနေတာကြောင့် လိုက်ဖက်မှု မရှိဘူးလို့ ဒါရိုက်တာတွေက အစောပိုင်းမှာ ငြင်းပယ်ခဲ့ကြပါသေးတယ်။
နောက်ဆုံးမှာတော့ အာကင်ဟာ ဒီဇာတ်ကောင်နဲ့ပဲ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် အော်စကာဆုကို ရရှိသွားခဲ့ပါတယ်။
ဒီဇာတ်ကောင်ဟာ နှစ်ပေါင်းများစွာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အကျင့်ဆိုးတွေကြောင့် အားနည်းချိနဲ့ ကာ တုန်တုန်ယင်ယင် ဖြစ်နေတဲ့ အသက် ၈၀ အရွယ် အပေါက်ခပ်ဆိုးဆိုး အဘိုးတစ်ယောက်ပုံစံပဲ ဖြစ်ပါတယ်။
အာကင် ကွယ်လွန်သွားချိန်မှာ ဇနီးဖြစ်သူ ဆူဇန်းအပါအဝင် သား ၃ ဦး၊ မြေး ၄ ဦးနဲ့ မြစ် ၁ ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။