လီဗာပူးအသင်းဟာ လိုက်ဇစ်တိုက်စစ်ကစားသမား ဆော့ဘိုစလိုင်းကိုခေါ်ယူဖို့ သဘောတူညီမှုရရှိ ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။
ဟန်ဂေရီလက်ရွေးစင်ကစားသမာ ဆော့လိုစလိုင်းဟာ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၇၀ ရှိပြီး လီဗာပူးအသင်းက အဲဒီပမာဏကိုပေးချေမှာဖြစ်လို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြပါတယ်။
ကစားသမားဖြစ်သူဘက်ကလည်း လီဗာပူးအသင်းဆီပြောင်းရွှေ့ဖို့ အတည်ပြုခဲ့ပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်မယ်လို့သိရပါတယ်။
လီဗာပူးအသင်းဟာ ဘရိုက်တန်ကွင်းလယ်လူ မက်အယ်လစ်စတာကိုလည်းခေါ်ယူထားပါတယ်။ ကွင်းလယ် တိုက်စစ်ကစားသမား ကာဗယ်ဟိုကတော့ လိုက်ဇစ်အသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားမှာပါ။
အသက်၂၂နှစ်ပဲရှိသေးတဲ့ ဆော့လိုစလိုင်းဟာ မနှစ်က လိုက်ဇစ်အတွက် စုစုပေါင်း ၄၈ ပွဲ ကစားခဲ့ရာမှာ ၁၀ ဂိုးသွင်းယူပေးခဲ့ပါတယ်။