ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် ဌ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးရှေ့မှာ ဇွန် ၂၇ ရက် ည ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဝေဘာဂီလမ်းဘေးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရဘူးလို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
“အဲဒီရုံးက ဗုံးက မကြာခဏပေါက်နေတာ။ ရုံးက လူတွေပြန်တဲ့အချိန်ပေါက်တာ လူတွေတော့ ထိတာမရှိဘူး။ စစ်တပ်ကတော့ ဝေဘာဂီလမ်းတောက်လျှောက် စစ်ဆေးတာ။”
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေ ဝေဘာဂီမြို့သစ်ထဲမှာပါတဲ့ ရပ်ကွက်အချို့ကို ဧည့်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ ဗုံးပေါက်ကွဲမှု အကြိမ်ရေအများဆုံးဖြစ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
ရန်ကုန်မှာ ဇွန်လအတွင်း ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ကျောက်တံတားနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်သေဆုံး ဒဏ်ရာရခဲ့သူတွေ ရှိပါတယ်။