Home
မြန်မာသတင်း
လွိုင်ကော်မြို့ရှိ စစ်တပ်မိသားစုများကို နေရာရွှေ့ပြောင်းနေ
DVB
·
June 25, 2023
356424299_1380019715891326_7306612252722152362_n

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာရှိတဲ့ စစ်တပ်အသိုက်အဝန်းက မိသားစုဝင်တွေကို ဇွန် ၂၃ ရက်နေ့က ခရီးသည်တင်ယာဥ်တွေနဲ့ နေရာရွှေ့ပြောင်းခိုင်းနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

"စစ်တပ်က လူတွေရဲ့ မိန်းမတွေပဲ ရွှေ့ထားတာ၊ ယောက်ျား ရှေ့တန်းသွားကြပြီဆိုတော့ CDM မလုပ်အောင် သူ့မိသားစုကို ထိန်းချုပ်ထားတဲ့သဘော၊ ဌာနဆိုင်ရာတွေတော့ အရေးကြီးစာရွက်စာတမ်းတွေ သိမ်းခိုင်းထားတယ်လို့သိရတယ်။" 

လွိုင်ကော်မြို့ရဲ့ လေယာဥ်ကွင်းမှာ ၂၃ ရက်နေ့ တရက်တည်း လေယာဥ် ၆ ကြိမ်ဆင်းသက်ပေမယ့် ခရီးသည်တင်ယာဥ်က တစီးပဲ ပါဝင်ပြီး ကျန်တာက စစ်သား​တွေ သယ်ဆောင်လာတယ်လို့ သိရပါတယ်။

အပြန်ခရီးမှာတော့ စစ်တပ်က မိသားစုဝင်တွေကို ​ ပြောင်းရွှေ့တင်ဆောင်သွားပြီး လေယာဥ်ကွင်း နားမှာလည်း ကင်းပုန်းတွေ ချတာ၊ လမ်းကြောင်းရှင်းပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်တပ်က မိသားစုဝင်တွေကို နေပြည်တော် နဲ့ နမ်စန်ဘက်ကို ရွှေ့ပြောင်းပေးနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

အခုလို ရွှေပြောင်းတာတွေကို မြင်တွေ့နေတဲ့ ဒေသခံပြည်သူတွေက မြို့တွင်းအခြေနေဆိုးမှာကို စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်မှာ ၂၈ ရက်ဆိုရင် တခုခုထူးခြားမယ်လို့ စစ်တပ်အသိုက်အဝန်းဘက်က သတင်းလွှင့်တာတွေ ရှိနေတာကြောင့် ပြည်သူတွေက စိုးရိမ်နေကြပြီး အထူးဂရုစိုက်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013