Home
မြန်မာသတင်း
မင်္ဂလာဒုံ၌ စစ်တပ်မိသားစုများ စစ်မှုထမ်းရန် စာရင်းမပေးဘဲ ကင်းလွတ်ခွင့်ရနေ
DVB
·
March 18, 2024
Mingaladon Military Training_18032024

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်း ရပ်ကွက်တွေမှာနေထိုင်တဲ့ စစ်သားအိမ်ထောင်စုဝင်တွေအနေနဲ့ စစ်မှုထမ်းစာရင်း ကောက်ယူမခံရဘဲ ကင်းလွတ်ခွင့်ရနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ စစ်တပ်မိသားစုတွေအနေနဲ့ ရပ်ကွက်တွေထဲ အခြေချကာ အရပ်သားတွေနဲ့ ရောထွေးနေကြတာဖြစ်ပြီး အခု စစ်မှုထမ်းစာရင်းတွေ ကောက်တဲ့အချိန်မှာ သူတို့ကို ချန်လှပ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်မှ စစ်မှုထမ်းစာရင်း ကောက်ယူမှုအပေါ် စောင့်ကြည့်နေသူတဦးက “စစ်တပ်မိသားစုအိမ်တွေကို စာရင်းမကောက်ဘူးလို့ ကြားတယ်။ မကောက်ခိုင်းတာလား သက်သက် ချန်သွားတာလား မပြောတတ်ဘူး။ သူတို့က ရပ်ကွက်ထဲ အိမ်ထောင်စုစာရင်းနဲ့ နေကြတာမို့လို့ ကောက်မယ်ဆို တပြေးညီ ကောက်ရမှာလေ” လို့ ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် တပ်မတော်စံပြရပ်ကွက်မှာ နေထိုင်သူတဦးကလည်း စစ်မှုထမ်းစာရင်းကို အရပ်သား မိသားစုအိမ်တွေဆီကပဲ ကောက်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေထဲကလည်း စစ်မှုထမ်းစာရင်းထဲ မထည့်ဘဲ ရှောင်တာမျိုးတွေ ရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်းစာရင်းကို ခပ်စိပ်စိပ်ကောက်နေပြီး တချို့ရပ်ကွက်တွေမှာ မဲနှိုက်ရွေးတဲ့အဆင့် ပြီးသွားပြီဖြစ်သလို မဲပေါက်ပြီး စစ်မှုမထမ်းလိုသူတွေဆီက ငွေညှစ် လူစားလဲတာတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013