ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဆွတ်နိုင်ရပ်ကွက်မှာ ဇွန် ၂၄ ရက် မနက် ၁၁ နာရီလောက်က မီးလောင်မှုဖြစ်ပြီး နေအိမ် ၃ လုံး မီးထဲပါသွားပြီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဆွတ်ငိုင်ရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်လုံးမှာ တပ်ဆင်ထားတဲ့ ဆိုလာပြား အပူလွန်ကဲရာကနေ မီးစလောင်တာဖြစ်ပြီး အနီးနားကအိမ်တွေနဲ့ အဆောင်တခုကို မီးကူးစက် လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တယောက်က " လောင်တဲ့အိမ်က လူမရှိဘူး။ ခေါင်မိုးပေါ်မှာ တင်ထားတဲ့ ဆိုလာပြား အပူလွန်ကဲပြီး လောင်တာ။ အိမ်အနောက်ဘက်မှာတင်ထားတဲ့ ဆိုလာပြားကနေ ဘေးဝါးထရံကို မီးကူးစက်လောင်တာ။ နေအိမ်သုံးလုံးပါသွားတယ်။ နေအိမ် နှစ်လုံးကတော့ ဘာပစ္စည်းမှ မရဘူး။ တစ်လုံးကတော့ အနည်းငယ်ရလိုက်သေးတယ် "လို့ ပြောပါတယ်။
မီးလောင်တဲ့ နေအိမ်ဟာ ပယင်းမှော်၊ ရွှေမှော်တွေကို သွားရာ တနိုင်းမိုင်းခွန်ကျေးရွာ လမ်းမကြီး ဘေးမှာ တည်ရှိပြီး မီးလောင်မှုကြောင့် လူတွေ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။
photo cj