ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီးမှာ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု မနေ့ညက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၂ ရက် ည မြန်မာစံတော်ချိန် ည ၁၁ နာရီ ကျော်လောက်က ညောင်ဦးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင် ၇၀ ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း မင်းတပ်မြို့ရဲ့ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ အနက် ၇၀ ကီလိုမီတာကို ဗဟိုပြုပြီးလှုပ်ခတ်သွားတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဧရာဝတီတိုင်း ဖျာပုံမြို့အနီး ပင်လယ်ပြင်မှာ အင်းအားအသင့်အတင့်ရှိတဲ့ မြေငလျင်တွေ ဆက်တိုက် လှုပ်ခတ်သွားခဲ့ပြီး ပျက်စီးထိခိုက်မှုသတင်းတွေကတော့ မကြားသိရပါဘူး။