Home
မြန်မာသတင်း
သင်တန်းဆင်း ပြည်သူ့စစ်များကို ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင် ထောက်ပံ့ငွေပေး
DVB
·
June 22, 2023
347252031_10159507714152913_8866000879781142310_n

ရန်ကုန်တိုင်းအတွင်းရှိ သင်တန်းဆင်းပြည်သူ့စစ်တွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်က ဇွန် ၂၁ ရက်က ထောက်ပံ့ငွေ ပေးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်မှုထမ်းဟောင်းတွေက နီးစပ်သူတွေကို သင်တန်ပေးကာ ပြည်သူ့စစ်အဖွဲ့တွေကို ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနက ဒုတိုင်းမှူးက ထောက်ပံ့ငွေနဲ့စားနပ်ရိက္ခာတွေပေးခဲ့တာလို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"ပြည်သူ့စစ်ကို လိုအပ်နေတာ အချို့ပြည်သူ့စစ်တွေဆို ရပ်ကွက်ထဲက အရက်သမားတွေတောင်ပါတယ်။ မြို့ခံတပ်တွေမှာပဲ သင်တန်းပေးတာ၊ ပြည်သူ့စစ်ကို စစ်မှုထမ်းဟောင်းက ဦးစီးတာ၊ စစ်မှုထမ်းဟောင်းကို တပ်က ပံ့ပိုးတယ်။" 

ရန်ကုန်တိုင်းအတွင်းရှိ တပ်ရင်း၊ တပ်မတွေဟာ ရှေ့တန်းအမြဲထွက်နေရပြီး နောက်တန်းပြန်ဆင်းနိုင်တဲ့ အခြေအနေမရှိတာကြောင့် စစ်သားတွေနဲ့ တွဲဖက်တာဝန်ထမ်းဆောင်ဖို့ ပြည်သူ့စစ်တွေကို ဖွဲ့ရတာလို့ တိုင်းစစ်ဌာနနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ပြည်သူစစ်ဖွဲ့ဖို့ အပြင်လူက စိတ်ဝင်စားမှုမရှိဘူး။ အာ့ကြောင့် တပ်မိသားစု တပ်နဲ့ ရင်းနှီးတဲ့သူတွေပဲ ဖွဲ့ရတာ။ အချို့က ဝင်ကိုမပါတော့ စစ်တပ်နဲ့ပတ်သက်ပြီး ဒါကြောင့် ထောက်ပံ့ကြေးပေးပြီး ခေါ်တာ။" 

လက်တလောမှာ ရန်ကုန်တိုင်း ပြည်သူ့စစ်အဖွဲ့ကို ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်က ဦးဆောင်ထားပြီး အရင်က စစ်ကောင်စီတပ်က နာမည်ပျက်နဲ့ ထွက်ထားသူတွေနဲ့ ဖွဲ့စည်းထားတာလို့ စစ်တပ်အသိုက်အဝိုင်းက သိရပါတယ်။

ရန်ကုန်မှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းဖို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်က ဇွန် ၁၅ ရက်မနက်က စစ်မှုထမ်းဟောင်းတွေနဲ့တွေ့ဆုံခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024