မကွေးတိုင်း၊ မင်းဘူးမြို့နယ် ထောက်ရှာပင်ကျေးရွာအုပ်စု ရွှေတပင်ကျေးရွာမှာ စစ်ကောင်စီသတင်းပေး မှုခင်းသတင်းထောက်တဦး နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေတပင်ကျေးရွာနေ မှုခင်းသတင်းထောက် ဦးမင်းသူလှိုင် နေအိမ်မှာ ရှိနေစဥ် အမည်မသိ သေနတ်ကိုင်ဆောင်ထားသူနှစ်ဦးက လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
"စစ်တပ်နဲ့ရဲကို သတင်းပေးနေတာ၊ အရင်က အမှုပွဲစား။ ရဲတွေက မှုခင်းသတင်းထောက်ကတ် ထုတ်ပေးတာတာ။"
သေဆုံးသူ ဦးမင်းသူလှိုင်ကို SH သတင်းဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က မင်းဘူးခရိုင် ဗဟိုသတင်းထောက်ချုပ်အဖြစ် ခန့်အပ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"အရင်က ရဲတွေနဲ့အတူနေတာ၊ စစ်တပ်နဲ့ရော။ ဝန်ထမ်းထင်လို့ သေမှသိတာ၊ မှုခင်းသတင်းထောက်ဆိုတာ။"
အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ထောက်ရှာပင်နဲ့ ရွှေတပင်ကျေးရွာမှာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
SH မှုခင်းသတင်းထောက်အများစုမှာ နယ်မြေတွေမှာ ရဲနဲ့ပူးပေါင်းကာ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါးရောင်းသူ၊ ချဲနှလုံးရောင်းသူတွေဆီက လိုင်းကြေးတောင်းတာတွေ၊ အမှုပွဲစားလုပ်တာတွေအပြင် ရဲနဲပူးပေါင်းပြီး ဒေသခံတွေကို ဖမ်းဆီးခြိမ်းခြောက်တာတွေ ရှိပါတယ်။