နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံ ဗိုလ်တေဇရဲ့ အိမ်နဲ့ မြေကွက်ကို တော်လှန်ရေး ကာလ ၂ နှစ်ကျော်အတွင်း ပထဦးဆုံး ကံစမ်းမဲအဖြစ် မဲလက်မှတ်တွေ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
အိမ်ဝိုင်းကွက်မှာ ပေ ၃၀ ၊ ၆၀ ကျယ်ဝန်းပြီး လေးပင် သုံးပင် ၊ သွတ်မိုး အုပ်တက် အိမ်ဖြစ်သလို ရေတွင်းနဲ့ ရေချိုးခန်း အိမ်သာ ပါဝင်ကာ အဝေရာ ဆည်အနီးမှာရှိပြီး ကာလတန်ကြေး ကျပ် သိန်း ၁၅၀ အထက်မှာ ရှိတယ်လို့ ဗိုလ်တေဇ ကပြောပါတယ်။
အိမ်ဝိုင်းကွက်ကို ကံစမ်းမဲပြုလုပ် ရောင်းချရတာဟာ ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော် အဖွဲ့အတွက် အရေးတကြီး လိုအပ်နေတဲ့ ၇၉ လက်နက်ကြီးဝယ်ဖို့ ဖြစ်ပြီး လက်မှတ် တစ်စောင်လျှင် မြန်မာငွေ ကျပ် ၂၀၀၀၀ ၊ ထိုင်းဘတ်ငွေ ၂၅၀ နဲ့ လက်မှတ် အစောင်ရေ ၂၅၀ ပြုလုပ်ထားပြီး ဆုအနေနဲ့ ပထမဆု အိမ်ဝိုင်းကွက်၊ ဒုတိယဆု ရွှေဆွဲကြိုးနဲ့ တတိယဆု ရွှေနားဆွဲ တို့ကို လာမယ့် ဇူလိုင် ၁၄ ရက်နေ့မှာ ကံစမ်းမဲ ဖွင့်ပေးသွားမယ်လို့ သိရပါတယ်။
ဗိုလ်တေဇ က " တော်လှန်ရေးအတွက် လိုအပ်နေတော့ မရှိ ရှိတဲ့ဟာ ထုတ်ရောင်းတဲ့သဘောပါ။ တော်လှန်ရေးပြီးရင် လမ်းဘေးနေရပါစေ။ တော်လှန်ရေးအတွက် အရေးကြီးလိုအပ်လို့ အခုလို လုပ်လိုက်တာ။ ကျတော့ရဲ့ကိုယ်ပိုင်အိမ်လေးပါ အရှုပ်အရှင်းလုံးဝမရှိပါဘူး။ လုံခြုံရေးအတွက်ပါ တာဝန်ယူပေးမှာပါ။ ကံစမ်းမဲ ကာလ ကတော့ ၁ လ တိတိပေါ့။ ရည်မှန်းထားတဲ့ ရောင်းအား မပြည့်မှီခဲ့ရင်တော့ တစ်ပတ် ဆယ်ရက်တော့ နောက်ဆုတ်ရမှာပေါ့ " လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်အဖွဲ့ ရဲ့ ပထမ ဦးဆုံး ပြုလုပ်တဲ့ ကမ်ပိန်းဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အပြည့်အဝ ဝယ်ယူအားပေးကြလိမ့်မယ်လို့ မျှော်လင့်ပြီး မဲလက်မှတ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်အဖွဲ့ ရဲ့တရားဝင် ဖေ့စ်ဘွတ်ခ်နဲ့ ဗိုလ်တေဇ ဖေ့စ်ဘွတ်ခ်တို့ကနေ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။