Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နိုင်ငံတဝန်း PDF တပ်များ၏ လှုပ်ရှားမှုပုံရိပ်များ
DVB
·
June 19, 2023
353847887_305839188439479_7809745458817903814_n
353631352_305823938441004_3557622421875948196_n
354250439_305762285113836_2425694952062343047_n
353059538_305824055107659_1904833483237712095_n
354244955_305762308447167_2438469437365160885_n
353053061_305874665102598_2927919353175855183_n
352720641_305770308446367_2007941968162519562_n
353018410_305839155106149_4222789773119795955_n
355077586_305770398446358_3267833340131832836_n
352564705_305824028440995_7032624331188549860_n
352706286_305839291772802_5643201403592797446_n
354968063_305762261780505_7827639392830438143_n
354580969_305839255106139_9158906059738689814_n
354574598_305770305113034_7779506813673062786_n
353050221_305786945111370_5014690253873628838_n
352706210_305786968444701_7577338535373067543_n
352288411_305839178439480_6682640405349402245_n
355004490_305398035150261_404131781084162862_n
354996632_305398048483593_4889939029177570836_n
354943692_305397768483621_3578175777891262724_n
354251438_305398085150256_2406253810354597500_n
352545713_305874605102604_6754421345365026831_n
352342387_305874628435935_4855408955157760118_n
352336651_305770358446362_5502861691179130383_n
354955168_305397758483622_7273707459906259837_n
354541731_305770311779700_545122701730281642_n
352233098_305824081774323_9031309321672774927_n
353404502_305787035111361_9011188595215546949_n
354243504_305762318447166_8352445432644400058_n
353649050_305786938444704_8413835386903281625_n
354568013_305786941778037_5780545789935378370_n
354256239_305874598435938_2593500533810619846_n
355129017_305786991778032_6044620032602649816_n
354045553_305397848483613_6324073213396370570_n
354913731_305398055150259_4105296550806090779_n

ဇွန် ၁၉ ရက် ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့် မွေးနေ့အမှတ်တရ နိုင်ငံတဝန်း PDF တပ်ရင်းတပ်ဖွဲ့တွေအလိုက် လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေ၊ ရုပ်သံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မျှဝေထားပါတယ်။

အသက် ၇၈ နှစ်အရွယ် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က မတရားဖမ်းဆီး အာဏာသိမ်းယူခဲ့ကာ အမှုပေါင်း ၁၉ မှုနဲ့ သက်သေထင်ရှားမရှိဘဲ စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီး လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ နေပြည်တော် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတာပါ။

အဲ့ဒါကြောင့် ၁၉၈၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း သူ့မွေးနေ့ ၁၈ ကြိမ်ကို အကျဉ်းချခံနေရတုန်းမှာ ဖြတ်သန်းခဲ့ရပါတယ်။

ဒီကနေ့မှာတော့ ကမ္ဘာ့နိုင်ငံတွေ အသီးသီးက မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ အပါအဝင် ပြည်တွင်းပြည်ပက နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချင်ခင် လေးစားကြသူတွေက မွေးနေ့ဆုတောင်းပွဲတွေ၊ အမြန်ဆုံးလွတ်မြောက်နိုင်ရေး လူထုသပိတ် လှုပ်ရှားပွဲတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်က မျှဝေထားတဲ့ ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် စတဲ့ နေရာဒေသအသီးသီးက PDF တပ်ရင်းတပ်ဖွဲ့စစ်ကြောင်းတွေ အသီးသီးက မွေးနေ့လက်ဆောင် လှုပ်ရှားမှုတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ် ဆင်နွှဲနေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Photo - NUG MOD

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024