ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲတခုကို ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပုလော ကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဇွန် ၁၉ ရက် မနက်ပိုင်းက စခန်းတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ကံပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာ ရွာလယ်လမ်းဆုံမှာ ဇွန် ၁၉ ရက် မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် တက်ကြွလှုပ်ရှားသူတွေက အနီရောင် နှင်းဆီပန်းတွေချိတ်ဆွဲကာ လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။
ကံပေါက်တိုက်နယ်အတွင်းက ကျေးရွာအုပ်စုတွေမှာလည်း ဇွန် ၁၉ ရက်မှာ ပန်းသပိတ်ကို ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။