Home
မြန်မာသတင်း
တောင်ငူတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်သဖြင့် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
June 19, 2023
352237654_1209724772934885_4912132570330331274_n

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တပ်မဟာ-၂ နယ်မြေ၊ ချောင်းနှစ်ခွရွာကို စစ်ကောင်စီ တပ်သားတွေက ဇွန် ၁၇ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတဦး သေဆုံးကာ အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

နေအိမ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ အရွယ် ဒေါ်နော်ယွာအယ်ဖောရဲ့ ဦးခေါင်းကို လက်နက်ကြီးအစ ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ တောင်ငူခရိုင် PDF ရဲဘော်တဦးက ဆိုပါတယ်။

“စကစက သူ့စခန်း ပစ်ခံရရင် လူနေရွာတွေထဲကို ပစ်ထည့်တာပါ။ အိမ်ကို တည့်တည့် ထိမှန်တာ။ အရင်တုန်းကလည်း ပစ်ပါတယ်။”

စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၃၈ နှစ်အရွယ် ဦးစောကိုကလိုထူး ပေါင်ကို လက်နက်ကြီးစ ထိမှန်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဇွန် ၁၇ ရက် မနက် ၈ နာရီ ၁၅ မိနစ်မှာ KNLA/PDF ပူးပေါင်းအဖွဲ့က ၁၆ မိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ၇၉ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အဆိုပါစခန်းကနေ ချောင်းနှစ်ခွရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024