Home
မြန်မာသတင်း
ကျောက်တော်၌ စစ်တပ်က တပ်စွဲထားသဖြင့် မုန်တိုင်းသင့်နေအိမ်များ ပြင်ခွင့်မရ 
DVB
·
June 18, 2023
354457262_1343938306466439_5407304634799547543_n

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမာကျေးရွာမှာ မိုးခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေကို ပြန်လည်ပြုပြင်လိုပေမယ့် စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်နေတဲ့အတွက် ပြုပြင်ခွင့်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

၂၀၂၀ ပြည့်နှစ်က ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ကြား  နှစ်ဖက်တိုက်ပွဲတွေကြောင့် အိမ်ထောင်စု  ၈၀၀ ကျော်က ‌ဒေသခံတွေဟာ နေအိမ်တွေကိုစွန်ခွာပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရပြီး   မိုးခါမုန်တိုင်းကြောင့် ပျက်စီးးခဲ့ရတဲ့ နေအိမ်တွေကို ဒီကနေ့အထိ ပြန်လည်ပြုပြင်ခွင့်မရသေးတာပါ။ 

တင်းမဆရာတော် အရှင်ဝါယမိန္ဒက"ပြီးခဲ့တဲ့ မေလ ၁၄ ရက်ကဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းက တင်းမကျေးရွာရဲ့ နှစ် ၁၃၀ ကျော်သက်တမ်းရှိတဲ့ ဘုန်းတော်ကြီးကျောင်းအပါအဝင် ကျေးရွာတွင်းက နေအိမ်အမြောက်အမြားပျက်စီးခဲ့တာကြောင့် ပြန်လည်ပြုပြင်ခွင့်ရဖို့အတွက် ပြည်နယ်အစိုးရဆီ တင်ပြတောင်းဆိုထားရတယ်"လို့  မိန့်ပါတယ်။

တင်းမကျေးရွာသားတစ်ဦးက"စစ်ကောင်စီ ရွာနဲ့ ရွာအနီးအနားမှာတပ်စွဲထားတော့  နေရပ်မပြန်ရဲသေးဘူး။ ရွာက ပျက်စီးနေတဲ့အိမ်တွေကို  ပြုပြင်ဖို့အတွက် အားလုံးက ကူညီထောက်ပံ့ပေးစေလိုတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တင်းမကျေးရွာအနီးက တောင်ရှည်တောင်ပေါ်မှာလည်း ဒီကနေ့အထိ တပ်စွဲထားတယ်လို့ သေခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024