Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင်  မိုးကြိုးပစ်ခံရပြီး ၂ ဦးသေဆုံး
DVB
·
June 17, 2023
317486516_207407341745690_6838393137367925435_n

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇွန် ၁၆ ရက် ညနေပိုင်းက မိုးကြိုးပစ်ခံရပြီး အမျိုးသား  တယောက်နဲ့ အမျိုးသမီး တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီချောင်ရွာမှာ ဇွန် ၁၆ ရက် ညနေ ၄နာရီလောက်မှာ လယ်လုပ်ငန်းလုပ်ကိုင်နေစဥ် မိုးကြိုးပစ်ခံရပြီး အသက် ၂၉ နှစ်အရွယ် မခိုင်ဇာနည်ဝင်း (ခ) မမဲညိုနဲ့ (ခင်ပွန်းရဲ့ညီ) မတ်တော်စပ်သူ အသက် ၁၈ နှစ်အရွယ် အမျိုးသား တယောက်သေဆုံးခဲ့တယ်လို့  မင်းဇီချောင်းကျေးရွာသားက ပြောပါတယ်။

“မတ်တော်စပ်သူရဲ့ အမည်ကိုတော့ မသိရသေးဘူးဗျ။ ပန်းမြောင်းရွာဘက်ကနေ ကျနော်တို့ရွာကို ပြန်ရောက်လာတာမကြာသေးဘူး။ မရီးနဲ့ မတ် လယ်ကန်သင်းဆယ်နေတာကို မိုးကြိုးပစ်လိုက်လို့  နှစ် ယောက်စလုံး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တာ။”

မမဲညိုရဲ့ ခင်ပွန်းကတော့ မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်တယောက် ကျန်ရစ်ခဲ့ပါတယ်။

မင်းပြား၊ ရမ်းဗြဲ၊ ကျောက်ဖြူနဲ့ ရသေ့တောင်မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ မေလအတွင်းက မိုးကြိုးပစ်ခံရပြီး သေဆုံးတဲ့သူ ၅ ယောက်ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024