ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ပဲခူးရိုးမအတွင်း စစ်ကောင်စီ စစ်ကြောင်း တခုကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကြို့ပင်ကောက်ရဲဘော်၂ယောက်ကို ဖမ်းဆီးပြီး အုတ်ဖို့မြို့နယ်၊ ဝိုင်းရဲကင်းစခန်းမှ ဂမုန်းဆယ် ကန့်နီကျေးရွာဘက်ကနေ ပဲခူးရိုးမလမ်းဟောင်းအတိုင်းတတ်လာတဲ့ အဲဒီစစ်ကြောင်းကို ဇွန် ၁၁ ရက် ညနေ ၃ နာရီ ၄၀ မိနစ်က ရေးမြောင်းချောင်းကားလမ်းဟောင်းနားမှာ မိုင်းဆွဲခဲ့တာဖြစ်ပြီး နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကြို့ပင်ကောက်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက “စစ်ကောင်စီဘက်က အနည်းဆုံး ၄ယောက် သေဆုံးနိုင်ပြီး ဒဏ်ရာရသူများလဲ ရှိပါတယ်။ တိုက်ပွဲတွင် တပ်ရင်း ၃၈၀၁ ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ အဖမ်းခံရတဲ့ ရဲဘော် ၂ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်”လို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲမှာ ကြို့ပင်ကောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိခိုက် မရှိ ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးရိုးမထဲမှ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။