Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ်၌ စစ်တပ် လက်နက်ကြီးကြောင့် ရွာသား ၁ ဦးထိမှန်
DVB
·
June 13, 2023
353671672_1288419745383886_3783319359713193560_n
353787638_1288419802050547_5483772999249474333_n
351504534_1288419312050596_2983795882692937625_n

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာ ဇွန် ၁၂ ရက် မနက် ၉ နာရီလောက် နေအိမ်တလုံး ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးကြီး တယောက် ထိမှန်ပြီး ခြေထောက်ပြတ်သွားတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

လက်နက်ကြီး ထိမှန်တဲ့ ရငဲရွာက အမျိုးသမီးတဦးနဲ့ ရိုက်နှက်ခံထားရတဲ့ ကျွဲမင်းကုန်းရွာမှ သက်ကြီးပိုင်း အမျိုးသားတယောက်တို့လည်း ဆေးဝါးကုသဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက “ကျွဲမင်းကုန်းရွာက ယောက်ျားကြီးကို အဆက်သွယ်ရပြီး ကူညီပေးနေတယ်။ ဒဏ်ရာတွေကတော့ တော်တော်များတယ် ရိုက်ခံထားရတာ။ ရငဲက အမျိုးသမီးက အဆက်သွယ်မရဘူး။ တခြားအဖွဲ့တွေလည်း ကူညီပေးနေတာ ရှိတော့ ဆေးကုဖို့ ထားဝယ်ကို ပို့လိုက်ပြီလို့လည်း ကြားတယ်”လို့ ပြောပါတယ်။

ရငဲရွာထဲ ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကနက်သီရိရွာကနေ ထွက်လာပြီး ဇွန် ၁၁ ရက် ညနေပိုင်းမှာ ပိန္နဲကျွန်းရွာတွင် ညအိပ်ခဲ့ပြီးနောက် အဲဒီကတဆင့် ဖမ်းဆီးထားတဲ့ရွာသား ၁၄ ယောက်ကို လူသားဒိုင်းလုပ်ပြီး ရောက်ရှိလာတာဖြစ်ပါတယ်။

ဇွန် ၁၂ ရက်မှာ  စစ်ကူစစ်ကြောင်းဟာ ဝဲရစ်ရွာနားမှာ ရှိနေပြီး ရငဲရွာမှာရှိနေတဲ့ စစ်ကြောင်းနဲ့ ပူးပေါင်းကာ ဇွန် ၁၂ ရက် ညပိုင်းမှာတော့ မင်းဒပ်ရွာဘက်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ကနက်သီရိရွာမှာ ဖမ်းထားတဲ့ ရွာသားတွေ အကုန်ပြန်လွတ်လာပြီဖြစ်ပေမဲ့ အဆက်သွယ်ပြတ်နေတဲ့ ရငဲရွာသားတွေ ရှိနေနိုင်သေးတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ 

ရေကြောင်းကနေ လက်နက်ကြီး ပစ်ကူပေးနေတဲ့ ရေတပ်သင်္ဘောကတော့ ဇွန် ၁၂ ရက်ညမှာ ရငဲရွာအနီးက ကျောက်ခမောက်ရွာ ကမ်းခြေအနီးကို ရောက်ရှိနေပါတယ်။

ဇွန် ၈ ရက်ကတည်းက ကနက်သီရိရွာနဲ့ ရငဲရွာတဝိုက်ကို ရောက်လာတဲ့ စစ်ကြောင်းဟာ နေအိမ် ၁၀ လုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား တယောက်ကိုလည်း ပစ်သတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024