Home
မြန်မာသတင်း
ဆွာမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
June 13, 2023
353780428_10159491382432913_4522174151756393658_n

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာမြောက်ပိုင်းရပ်ကွက်က စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူး တယောက်  ဇွန်လ ၁၂ ရက် ညနေက  သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ညနေ ၃ နာရီလောက်မှာ ဆွာမြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းတင် နေအိမ်ရှေ့မှာ ထိုင်နေစဉ်  သေနတ်နဲ့ပစ်ခတ်ခံရတာလို့  ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဆိုင်ကယ်နဲ့လာပစ်သွားတာ ခြောက်ချက် ခုနှစ်ချက်လောက်ရှိမယ်။ ပစ်တဲ့နေရာမှာပဲ သေသွားတယ်။ သူကအရင်က တပ်ကြပ်ကြီးအဆင့်နဲ့ တပ်က ထွက်ထားတာ။”

ပစ်ခတ်မှု ဖြစ်ပြီးနောက် ဆွာမြောက်ပိုင်းရပ်ကွက်က  ဆွာမင်းလမ်းမကြီးတလျှောက် စစ်တပ်နဲ့ ရဲတွေဟာ စစ်ဆေးခဲ့ပေမဲ့ ပစ်ခတ်သွားသူကို ဖမ်းဆီးရမိတာမရှိဘူးလို့ ဒေသခံတွေဆီက ဆိုပါတယ်။

ဇွန် ၇ ရက် မွန်းတည့် ၁၂ နာရီကလည်း ရေတာရှည်မြို့နယ်၊ တခွဲကျဲကျေးရွာမှာ ရာအိမ်မှူး ဦးကိုလေး  သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

အလားတူပင် မေလ ၁၂ ရက် ညကလည်း ဆွာမြို့ ရှမ်းရွာက  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမြိုင်  သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မေလ ၁ ရက် မနက်ကလည်း ဆွာမြို့ ဆွာရွာမကြီးကျေးရွာမှ စစ်ကောင်စီသတင်းပေးလို့ ဒေသခံတွေအကြားမှာ လူသိများတဲ့ ဦးကောက် သေနတ်နဲ့ပစ်ခတ်ခံရလို့  သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024