Home
မြန်မာသတင်း
မြင်းခြံတွင် ရွှေဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်ကို ပစ်သတ်
DVB
·
June 9, 2023
352735954_1339293320264271_5341544301168041160_n

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ စည်ပင်သာယာစျေး မြောက်ဘက်က နီနီလွင်ရွှေဆိုင်ကို ဇွန် ၈ ရက် နေ့လယ် ၂ နာရီလောက်မှာ သေနတ်သမား ၄ ဦးက ဓားပြတိုက်ခဲ့ပြီး ဆိုင်ရှင်ဖြစ်သူကိုလည်း သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၅၁ နှစ်အရွယ် ဦးဇော်နိုင်ထွန်းကို ဓားပြတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံတဦးက “ဓားပြတွေက ပထမဆုံး ကောင်တာတခုကနေ ပစ္စည်းတွေယူပြီး နောက်တခုဆီကို ယူမလို့လုပ်တုန်း ဆိုင်ရှင်က ဝန်ထမ်းကို သော့ခတ်ခိုင်းလိုက်တဲ့အချိန်မှာပဲ ဆိုင်ရှင်ကို ပစ်သွားတာ၊ ခေါင်းကိုမှန်ပြီး နေရာမှာတင် ပွဲချင်းပြီးသေသွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်ရှိလာပြီး လမ်းတွေကို ပိတ်ဆို့စစ်ဆေးခဲ့ပါတယ်။ ဓားပြတိုက်မှုအတွင်း ရွှေထည်ပစ္စည်းဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၈ ရက်ကလည်း မြင်းခြံမြို့က ဝိန့်ဆန်းရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ရွှေထည်ပစ္စည်း ကျပ်သိန်း ၃,၀၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024