Home
မြန်မာသတင်း
အင်းတော်တွင် စစ်တပ်က CDM ကျောင်းဆရာတဦးအား ဖမ်းဆီးပြီး မိဘနှစ်ပါးကို ထပ်မံဖမ်းဆီး
DVB
·
June 8, 2023
347255628_6492004277487232_1849423825881978265_n

စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့ပေါ်မှာ CDM ကျောင်းဆရာတဦးကို မေ ၅ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးခဲ့ပြီးနောက် မိဘနှစ်ပါးကို မေ ၇ ရက်မှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့  ဒေသခံတဦးက ပြောပါတယ်။

“မြို့ပေါ်မှာပဲဟုတ်တယ်၊ မြို့ပေါ်ခဏတက်တုန်း ဖမ်းခံလိုက်ရတာတဲ့။ ကျောင်းဆရာ ဖမ်းခံရတာ ၅ နေ့တုန်းက ဖမ်းခံရတယ်၊ ၇ ရက်နေ့မှာ သူ့ မိဘတွေကို ပြန်လာဖမ်းတာတဲ့။ လာဖမ်းတဲ့အချိန် သူ့အဖေက ထွက်ပြေးပြီး အိမ်တအိမ်မှာဝင်ပုန်းနေတာ၊ နောက်တော့ မိသွားတယ်။ ဝင်ပုန်းနေတဲ့ အိမ်က Non CDM ဆရာမ နှစ်ယောက်ကိုပါ ဖမ်းသွားတယ်။” 

CDM ကျောင်းဆရာဟာ အမျိုးသမီး မီးဖွားတာကြောင့် မြို့ပေါ်တက်လာတဲ့အချိန် ဖမ်းဆီးခံရတာလို့ သိရပါတယ်။ 

ဖမ်းခံရတဲ့ CDM ကျောင်းဆရာနဲ့ မိဘတွေကိုတော့ မြို့နယ်ရဲစန်းမှာ ထိန်သိမ်းထားပြီး စစ်ကောင်စီ စစ်ကြောရေးကို ပို့ဆောင်တော့မယ်ဆိုပြီး သတင်းရရှိတယ်လို့ ဒေသခံတွေက သိရပါတယ်။

ဖမ်းခံရတဲ့ Non CDM ဆရာမနှစ်ယောက်ကိုတော့ မေ ၈ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024