Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ကေအိုင်အို အရာရှိ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
June 8, 2023
SAC

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်က တည်းခိုရိပ်သာတခုကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အရာရှိနှစ်ယောက်ကို ဖမ်းဆီးသွားပါတယ်။

မန်ခိန်ရပ်ကွက် မြစ်ဆုံသွားလမ်းမှာရှိတဲ့ ရွှေလိပ်ပြာတည်းခိုရိပ်သာကို ဇွန် ၅ ရက် ည ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ကေအိုင်အို အုပ်ချုပ်ရေးအရာရှိ နှစ်ယောက်ကို ဖမ်းဆီးသွားတာဖြစ်ကြောင်း ကေအိုင်အိုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ရွှေလိပ်ပြာတည်းခိုခန်းမှာ ည ၁၂ နာရီလောက် ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းသွားတာ။ ဒုအုပ်ချုပ်ရေး အရာရှိနှစ်ဦးပါ။ သတင်းအတိအကျရလို့ လာဖမ်းတာ ဖြစ်ဖို့များတယ်။ ည အိပ်ချိန်မှ လာဖမ်းတာဆိုတော့ စတည်းကတည်းက သတင်းကြိုပေးထားသလို ဖြစ်နေတယ်။”

စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးသွားသူနှစ်ယောက်ဟာ တိုက်နယ် ဒုအုပ်ချုပ်ရေးမှူး အဒေါင်နဲ့ အင်ခွမ်လ တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၆ ရက်ကလည်း မြစ်ကြီးနားမြို့ ရွှေလမ်းမကြီးပေါ်က Happy KTV မှာ ကေအိုင်အိုနဲ့ ဆက်နွှယ်ပတ်သက်တယ်ဆိုပြီး အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024