Home
မြန်မာသတင်း
မောင်တောတွင် မသန်စွမ်းအမျိုးသား ၁ ဦး တောဆင်ရိုင်းနင်းခံရပြီး သေဆုံး
DVB
·
June 8, 2023
352207283_804825384160542_7992590738908934302_n

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာက အသက် ၃၆ နှစ်အရွယ် မသန်စွမ်းအမျိုးသားတဦး ဇွန် ၇ ရက် မနက် ၂ နာရီလောက်က တောဆင်ရိုင်းနင်းခံရပြီး သေဆုံးသွားတယ်လို့ ကျေးရွာတာဝန်ခံက ပြောပါတယ်။

“သူတို့နှစ်ဦးက ညသန်းခေါင်ကျော်မှာ ဖားသွားရှာကြတာ။ ရွာပြင်အစပ်မှာ တောဆင်ရိုင်းနဲ့တွေတော့ သန်စွမ်းတဲ့သူက ပြေးလွတ်သွားတယ်။ မသန်စွမ်းတဲ့သူက မပြေးနိုင်တော့ ဆင်နင်းခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ရတာ။”

တောဆင်ရိုင်းနင်းခံရပြီး သေဆုံးသွားသူမှာ မသန်စွမ်းတဦးဖြစ်တဲ့ ကိုနေဝင်း အသက် ၃၆ နှစ် ဖြစ်ပြီး ယာဘက်ဦးခေါင်းနဲ့ လက်မောင်း ‌ကြေမွဒဏ်ရာနဲ့ သေဆုံးသွားခဲ့ရတာလို့ ကျေးရွာတာဝန်ခံထံက သိရပါတယ်။

တောဆင်ရိုင်းနင်းခံရပြီး သေဆုံးသွားသူ ကိုထွန်းလှစိန်မှာ သား ၂ ဦး၊ သမီး ၁ ဦး ကျန်နေခဲ့ပြီး အကူအညီလိုအပ်နေကာ သူ့ကို မေ ၈ ရက် ဒီနေ့ မြေမြှုပ်သင်္ဂြိုဟ်မယ်လို့ ကံပြင်သာစည်ရွာသားတွေထံက သိရပါတယ်။

မိုခါမုန်တိုင်းအပြီး မေ ၁၆ ရက်ကလည်း အငူမော်-မောင်တော ကားလမ်းပေါ်ရှိ ဒူးပိုက်ကျေးရွာမှ အသက် ၇၀ အရွယ် အဘိုးအိုတဦး တောဆင်ရိုင်းနင်းခံရပြီး သေဆုံးခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဖြစ်တဲ့ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်အတွင်း တောဆင်ရိုင်းအန္တရာယ် ပိုမိုများလာနေ​ပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ အထိ ဆင်နင်းခံရပြီး သေဆုံးသူ ဒေသခံ ၈ ဦး၊ ဒဏ်ရာရရှိ​သူ ၄ ဦးအထိ ရှိနေကြောင်း သစ်တောမှတ်တမ်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024