Home
မြန်မာသတင်း
လားရှိုး-ဟိုပန် ခရီးသည်ယာဉ်များကို စစ်တပ်က တင်းကျပ်စွာစစ်ဆေး
DVB
·
June 6, 2023
352320791_176150135405241_8234412164803339710_n

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိန္နီမြို့နဲ့ လားရှိုးမြို့ ပစ်ခတ်မှုဖြစ်စဉ်အပြီး ဇွန် ၅ ရက်မှာတော့ စစ်တပ်က လားရှိုး-ဟိုပန် အသွားအပြန် ခရီးသည်ယာဉ်တွေကို တင်းကျပ်စွာ စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၄ ရက် ညပိုင်းက သိန္နီမြို့အဝင် တံတားနားနဲ့ ဇွန် ၅ ရက် မနက်ပိုင်းမှာ လားရှိုးမြို့ ၅ ရပ်ကွက်နဲ့ ၁၂ ရပ်ကွက်တွေမှာ ပစ်ခတ်ခံရတာကြောင့် လားရှိုးမြို့ရှောင်လမ်း အဝင်အထွက်ဂိတ်မှာ အိမ်စီးကား အပါအဝင် ခရီးသည်ယာဉ်‌တွေကို ရပ်ခိုင်းပြီး ယာဉ်ပါကုန်ပစ္စည်းတွေကို ဆွဲထုတ်စစ်ဆေးတာ၊ ခရီးသည်တွေကို မေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။

ယာဉ်မာင်းတဦးက “မနက်ပိုင်း အစောကြီး လားရှိုးမှာ ပစ်ခတ်သံတွေကို ကြားလိုက်တယ်။ ဒါကြောင့် စစ်ဆေးတာ။ ဘယ်‌လောက်စစ်ဆေး ဘာမှကို ရှာတွေ့မှာမဟုတ်ဘူး။ စက်နဲ့ စစ်ဆေးတာမျိုးမှ မဟုတ်ဘဲ။ ပြီးတော့ တာဝန်အရပဲ စစ်ဆေးတာ‌” လို့ ပြောပါတယ်။

သိန္နီမြို့အဝင် ရေပူဂိတ်မှာတေ့ာ ယာဉ်မောင်းနဲ့ ခရီးသည်တွေကို စစ်ဆေးမေးမြန်းတာကြောင့် ၁ နာရီကျော်ကြာ ယာဉ်ကြောပိတ်ခဲ့ပြီး လမ်းမှာ စောင့်နေရတယ်လို့ လားရှိုးက‌နေ ဟိုပန်ကို ပြန်တဲ့ ခရီးသည်တဦးက ပြောပါတယ်။

၂၀၂၁ အာဏာမသိမ်းခင် ကွမ်းလုံမြို့အဝင်က စစ်တပ်ဂိတ်နဲ့ ဟိုပန်မြို့အဝင် ဖောင်ဆိပ်တံတားက စစ်တပ်ဂိတ် ၂ ခုသာ ရှိခဲ့ပြီး ခရီးသည်တွေကို မှတ်ပုံတင်စစ်ဆေးတာ အပြင် ယာဉ်မောင်းတွေကို ငွေတောင်းတာမျိုး ပြုလုပ်ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတေ့ာ လားရှိုး-ဟိုပန် ကားလမ်းတလျှောက် စစ်တပ်ဂိတ် နောက်ထပ် ၄ ဂိတ်နဲ့ ရဲဂိတ် နောက်ထပ် ၅ ဂိတ် တိုးလာပြီး ခရီးသည်ယာဉ်တွေကို‌တေ့ာ မေးမြန်းစစ်ဆေး‌တာမျိုးအပြင် ငွေတောင်းတာမျိုး ပြုလုပ်ပါတယ်။

ဟိုပန်မြို့အဝင် ဖောင်ဆိပ်တံတားကို အရင်က ညပိုင်း ၆ နာရီထိသာ ဖြတ်သန်းသွားလာခွင့် ပြုထားပေမဲ့ အခုနောက်ပိုင်း ညပိုင်း ၈ နာရီခွဲထိ ကုန်တင်ကားမပါဘဲ ခရီးသည်ယာဉ်တွေ ဖြတ်သန်းသွားလာနိုင်ပြီလို့ ဒေသခံတဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024