Home
မြန်မာသတင်း
ကော့ကရိတ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး
DVB
·
June 6, 2023
352173861_818784383103129_1992678309891984953_n
352191262_786209659578701_4619427318126092727_n

ကော်သူးလေ အုပ်ချုပ်ရေးနယ်မြေ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခုဒုံကျေးရွာအုပ်စု၊ ဆံဖလားကျေးရွာကို စစ်ကောင်စီတပ်က ကလပ်စတာဗုံးနဲ့ ဇွန် ၆ ရက် မနက် ၁ နာရီ ၅၀ မိနစ်မှာ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှ တာဝန်ရှိသူတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဆံဖလားကျေးရွာ အခြေခံပညာ မူလတန်းစာသင်ကျောင်း ၁ ကျောင်း၊ ပြည်သူနေအိမ် ၄ လုံးနဲ့ ပြည်သူပိုင် ခြံစိုက်သီးပင်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လာရောက်ဗုံးကြဲပစ်ခတ်တဲ့ ကလပ်စတာဗုံး ၁ လုံးအတွင်း ပါဝင်တဲ့ ဗုံးသီးငယ်တွေ စာသင်ကျောင်းဝင်းထဲ ၂ လုံး ကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်ရဲ့ အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဆံဖလားကျေးရွာနေ ဦးဥတစ်လုံး (၅၂ နှစ်) ရဲ့ လယ်ကွင်းထဲ ၁၁ လုံးကျကာ ၁၀ လုံး ပေါက်ကွဲခဲ့ပြီး နောမြင့်ရဲ့ ကြံစိုက်ခင်းနဲ့ စောဖားသယ်သေ့ရဲ့ ကွမ်းခြံကြားကို ၁ လုံး ကျရောက် ပေါက်ကွဲတာကြောင့် ကြံပင်တချို့နဲ့ ကွမ်းသီးပင် ၁၀ ပင်၊ အုန်းသီးပင် ၁ ပင် ပျက်စီးခဲ့ပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်အိုးအိမ်တွေလည်း ဗုံးကျည်ထိမှန်ပြီး လူနေအိမ် ၄ လုံးလောက် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ၊ ပြည်သူ့နေအိမ်တွေနဲ့ ဥယျာဥ်ခြံမြေ အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၆ ဘက်က ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာလည်း  KNLA အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နဲ့  Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး တပြိုင်တည်း ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့စစ်တပ်က ပစ်ခတ်ခဲ့လို့ မြို့ပေါ်က လူနေအိမ် ၁ လုံးနဲ့ ဒေသခံ ၃ ဦး လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024