Home
မြန်မာသတင်း
ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား၊ အိမ် ၆ လုံး မီးလောင်
DVB
·
June 6, 2023
351896990_269538878941395_65330714076268587_n

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဇွန်လ ၅ ရက် မနက်ပိုင်းက မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၆ လုံး မီးလောင်ခဲ့တယ်လို့ မန္တလေးဗဟိုမီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ( ၆၇A × ၆၇ B ) လမ်းနဲ့ လမ်း ၁၂၀ကြားရှိ လူနေအိမ်တခုမှာ မနက် ၉နာရီ ၈ မိနစ်ခန့်က လျှပ်စစ်ဒယ်အိုး အပူလွန်ကဲရာမှ အခြားအိမ်တွေပါ မီးလောင်ခဲ့တာပါ။

မန္တလေး လူမှုကယ်ဆယ်ရေးအသင်းတခုက တာဝန်ခံက " ဒယ်နီအိုးကနေ လောင်တယ်လို့ သိရတယ်၊ အိမ်လေးတွေက ထရံကာထားတော့ အဲ့ဒီကနေ မီးတောက်က ပိုလွယ်သွားတာ၊ ၁၀ ပေ ၁၅ ပေ အိမ်က ၃ လုံး၊ ပေ ၄၀ အိမ်က ၂ လုံး ဒါက ၆၇ B မှာ လောင်တာ၊ ‌၆၂ လမ်းက စတီးပိုက် ဂိုထောင်ကတော့ ပျက်စီးမှု သိပ်မရှိဘူး " လို့ ဆိုပါတယ်။ 

မီးလောင်မှုကြောင့် ( ၁၀×၁၅)ပေအကျယ်ရှိ သွပ်မိုးထရံကာ နေအိမ် ၃ လုံး၊ ပေ (၄၀×၂၀ ) အကျယ်ရှိ နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးသွားပြီး မက် ၉နာရီ ၂၄ မိနစ်ခန့်မှာ မီးငြိမ်းသွားပါတယ်။ 

ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနဲ့ ( ၁၁၇× ၁၁၈ ) လမ်း ကြားရှိ စိန်မြင့်မိုရ် စတီးပိုက်ဆိုင်မှာလည်း မနက် ၉နာရီ ၂၇ မိနစ်လောက်က မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ပြီး မနက် ၉နာရီ ၄၆ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်။

မီးလောင်မှုဟာ စတီးပိုက်ဆက်စပ်ပစ္စည်းထားရာ ဂိုထောင်ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး မီးလောင်မှုကြောင့် အခန်းတွင်း စတီးပိုက်တွေ မီးကျွမ်းခဲ့ကာ ပျက်စီးဆုံးရှုံးမှု အနည်းငယ်ပဲ ရှိခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှု ၂ ကြိမ်ကို ပြည်ကြီးတံခွန်မြို့နယ် မီးသတ်တပ်ဖွဲ့ယာဉ်တွေ၊ မန္တလေးဗဟိုမီးသတ်တပ်ဖွဲ့နဲ့ အရပ်ဖက်ကယ်ဆယ်ရေးယာဉ်တွေက မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၃ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့တာလို့ သိရပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။ 

ဓာတ်ပုံ [ မန္တလေး ဗဟိုမီးသတ် ]

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024