Home
မြန်မာသတင်း
ဇွန်လကုန်အထိ ကျောင်းအပ်နိုင်
DVB
·
June 5, 2023
351851886_1758382621247982_666409852105254532_n

အခြေခံပညာကျောင်းတွေကို စတင်ဖွင့်လှစ်နေပြီဖြစ်ပေမယ့် ကျောင်းအပ်ချိန်ကို ဇွန်လကုန်အထိ ကျောင်းအပ်နှံနိုင်တယ်လို့ အာဏာသိမ်းစစ်ကောင်စီပညာရေးဌာနက သိရပါတယ်။

၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ အခြေခံပညာကျောင်းတွေရဲ့ကျောင်းအပ်ကာလကို မေ ၂၃ ရက်ကနေ ၃၁ ရက်အထိ သတ်မှတ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နိုင်သူတွေအတွက် ဇွန်လကုန်အထိ ကျောင်းအပ်နှံနိုင်တယ်လို့ စစ်ကောင်စီပညာရေးဌာနက အရာရှိတဦးက ပြောပါတယ်။

“ဒီနှစ်မှာ ကျောင်းအပ်ဖို့ နီးလာတဲ့အချိန် မုန်တိုင်းကဝင်လာတယ်။ ကျောင်းတွေပျက်စီးတယ်။ တချို့ကျောင်းသားတွေ ကျောင်းအပ်ချိန်မှာ ကျောင်းမအပ်နိုင်ကြတော့ ကျောင်းအပ်နိုင်ဖို့ အဆင်ပြေအောင် လုပ်ပေးထားတဲ့သဘောပါ။” 

စစ်ကောင်စီပညာရေးဌာနလက်အောက်က အခြေခံပညာကျောင်းတွေမှာ ဇွန် ၁ ရက်နေ့အထိ ကျောင်းသားကျောင်းသူ ၆ သန်းကျော် အပ်နှံတက်ရောက်နေခဲ့ပါတယ်။

စစ်ကောင်စီဟာ ဒီနှစ်မှာ ကျောင်းတက်ရောက်သူတွေ ပိုမိုများပြားလာဖို့ ရည်မှန်းထားခဲ့ပေမယ့် ယခင်နှစ်ကထက် ကျောင်းအပ်နှံမှု နည်းပါးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024