Home
မြန်မာသတင်း
စစ်ကိုင်း စစ်ဘေးရှောင်များ၏ အိမ်မွေးတိရစ္ဆာန်များကို ABSDF က ထိန်းသိမ်းစောင့်ရှောက်ပေး
DVB
·
June 2, 2023
ABSDF-Look-Care-Pet-At-Sagaing-2
351134742_779097750602874_412117796873727103_n
ABSDF Look Care Pet At Sagaing 1

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နဲ့ ဗန်းမောက်မြို့ကြားမှာရှိတဲ့ မော်တိတ်ကျေးရွာနဲ့ ရွာသာယာ ကျေးရွာတွေက ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သွားကြရာ ရွာအတွင်း ကျန်ခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ Northern ABSDF အဖွဲ့က ပြောပါတယ်။

“စစ်ကောင်စီတပ်နဲ့ ကျနော်တို့ ABSDF တပ်ဖွဲ့ တိုက်ပွဲတွေဖြစ်ပွားချိန် ရွာကို စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေ မွေးမြူထားတဲ့ နွားတွေ၊ ဝက်တွေကို အစာရေစာ မပြတ်လပ်စေဖို့ ကျနော်တို့ ABSDF က ကျွေးမွေး ထိန်းသိမ်း စောင့်ရှောက်ပေးထားပါတယ်” လို့ Northern ABSDF အဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

အင်းတော်မြို့နယ် အနောက်မြောက်ဘက်မှာရှိတဲ့ ရွာသာယာရွာမှာ စစ်ကောင်စီနဲ့ ကျောင်းသားတပ်မတော် ABSDF တို့ ပြီးခဲ့တဲ့ မေ ၂၂ ရက်က စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးဝန်းကျင်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ လှည့်လည် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ဒီနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ Northern ABSDF အဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024