Home
မြန်မာသတင်း
ရိုးမဗျူဟာ အာဠာဝကစစ်ကြောင်းက ၃ လအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် ရှင်းလင်းခဲ့၊ သိမ်ဇရပ်တွင် မြေမြှုပ်နင်းမိုင်းကြောင့် အရပ်သား ၁ ဦးဒဏ်ရာရ
DVB
·
June 1, 2023
Yoma Ar Lar Wa Ka PDF
350369421_268993735643312_6443179670561446194_n

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် တပ်ရင်း-၃ ရိုးမဗျူဟာစစ်ကြောင်းက ၃ လအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ မေ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မတ်-ဧပြီ-မေ ၃ လအတွင်းမှာ ရင်ဆိုင်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ ထိတွေ့တိုက်ပွဲ ၈ ပွဲ ပါဝင်ခဲ့ပြီး အာဠာဝကစစ်ကြောင်းဘက်က ရဲဘော် ၆ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။

“စစ်ကြောင်းအနေနဲ့ အလုပ်လုပ်နေတယ်ဆိုတာကို ပြည်သူတွေကို သိစေချင်လို့ ချပြတာပါ။ တိုက်ပွဲတွေဖော်ဆောင်ဖို့ လက်နက်ခဲယမ်းတွေ လိုအပ်နေပါတယ်။ ပြည်သူ​တွေ အားအင်​မွေးထားပါ။ တော်လှန်​ရေးက အရှိန်ပိုမြင့်လာပြီ။ တိုက်ပွဲ​ဖော်​ဆောင်မှု​တွေလည်း ပိုများလာပြီ။ နောက်ပြီး စစ်​ကောင်စီလည်း ​မြေပြင်မှာ ​ဆောက်တည်ရာမဲ့​တွေ ဖြစ်​နေပြီ။ အချိန်ကာလတခုအတွင်း ပြည်သူ​တွေရဲ့ ​တော်လှန်​ရေးအ​ပေါ် ယုံကြည်မှုနဲ့ ကျ​နော်တို့တွေ အာဏာရှင်ကို ဖြုတ်ချနိုင်မှာပါ” လို့ အာဠာဝကစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် တပ်ရင်း-၃ ရိုးမဗျူဟာ အာဠာဝကစစ်ကြောင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် မတ်လမှာ အသိအမှတ်ပြု စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ကမ်းနီးကျေးရွာမှာတော့ မေ ၂၉ ရက် ည ၉ နာရီက မြေမြှုပ်နင်းမိုင်းကြောင့် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချမ်းမြေ့အောင် (၂၈ နှစ်)ဟာ  သိမ်ဇရပ်မြို့ နေအိမ်ကနေ ကမ်းနီးကျေးရွာကို တညင်းသီးခူး သွားချိန် ကမ်းနီကျေးရွာအဝင်မှာ ဆိုင်ကယ်နဲ့ မြေမြှုပ်မိုင်း နင်းမိပြီး ဒဏ်ရာရရှိခဲ့တာကြောင့် သိမ်ဇရပ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒဏ်ရာတွေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်အနီးနဲ့ မဲရုံလေးကျေးရွာအနီးမှာ မြေမြုပ်မိုင်းနင်းမိပြီး လူထိခိုက်သေဆုံးသူတွေလည်း ရှိထားပါတယ်။ 

အဆိုပါ မြေမြှုပ်မိုင်းကို ဘယ်အဖွဲ့အစည်းက ထောင်ထားသလဲဆိုတာ မသိရသေးဘဲ အေဒီနယ်မြေဘက်မှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ စစ်ရေးလှုပ်ရှားနေကြတဲ့ နယ်မြေတွေလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024