Home
မြန်မာသတင်း
မင်းလှမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ကျဆုံး
DVB
·
June 1, 2023
347234244_1325159878211683_5541920193313087540_n

မကွေးတိုင်း၊ မင်းလှမြို့၊ ဒီးဒုတ်ကန်ရွာအနီးမှာ သရက်ခရိုင်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ မေ ၂၉ ရက် ည ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့တယ်လို့ Eagle Force သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။

သရက်-ကံမ-မင်းတုန်း ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဖော်ဆောင်ဖို့ မင်းလှမြို့ကို မြေသယ်ကားနဲ့ သွားရောက်စဉ် သတင်းပေါက်ကြားခဲ့ပြီး စစ်ကောင်စီကင်းပုန်းက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ကျဆုံး များခဲ့တာလို့ ဆိုပါတယ်။

Eagle Force သတင်းပြန်ကြားရေးတာဝန်ခံ ကိုမြတ်က “ကျနော်တို့ တပ်ဖွဲ့ဝင်တွေ လုံခြုံတဲ့နေရာကို မရောက်သေးလို့ သတင်းမထုတ်ပြန်သေးတာပါ။ အဖွဲ့ဝင်တွေကို ကယ်ထုတ်နေရလို့ပါ။ နှစ်ဖက် အပြန်အလှန် ပစ်ခက်မှုတွေ ရှိခဲ့ပါတယ်။ သူတို့ဘက်က တယောက် ဒဏ်ရာရလို့ မကွေးဆေးရုံမှာ ကုနေတယ် ကြားပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းက လွတ်မြောက်လာသူတွေကို လုံခြုံတဲ့နေရာ ရောက်တဲ့အထိ သွားရောက် ခေါ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ PDF တပ်ဖွဲ့ဝင် ၈ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး M-22 သေနတ် ၄ လက်၊ K12 သေနတ် ၁ လက်၊ ရိုင်ဖယ် ၁ လက်၊ M416 သေနတ် ၁ လက်နဲ့ ကျည်တောင့် ၁,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန် ၂၂ ရက်ကလည်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီတံတားပေါ်မှာ သရက်ခရိုင် ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ မြေသယ်ယာဉ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024