Home
မြန်မာသတင်း
သပိတ်ကျင်းမြို့နယ် ဆယ်ဇင်းကုန်းရွာ၌ လက်နက်ကြီးကျပေါက်ကွဲပြီး လူ ၁ ဦး သေဆုံး
DVB
·
May 29, 2023
350099725_773611337587680_3826179091508046678_n

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာမှာ မေ ၂၇ ရက် မနက် ၇ နာရီဝန်းကျင်က စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး နေအိမ်ထဲ ကျရောက်ပေါက်ကွဲပြီး အမျိုးသား တယောက် သေဆုံးခဲ့ပြီး ကလေးတယောက် ခြေထောက် ထိမှန်ဒဏ်ရာရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဒေသခံတဦးက “စစ်ကား ၁၀ စီးလောက်ရှိတယ်။  တကောင်းဘက်ကိုသွားတာ။ ကားလမ်းတလျှောက် ပစ်လာတာ။ တဲထဲက အမျိုးသားက နားထင်ထိ သေသွားတယ်။ ကလေးတယောက်လည်း ခြေထောက်ထိတယ်” ပြောပါတယ်။

အခုလို ပစ်ခတ်မှုကြောင့် ကိုကျော်ဇောလင်းဟာ လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး မန္တလေးဆေးရုံ တင်ပို့ချိန် လမ်းမှာ သေဆုံးခဲ့ပါတယ်။

ခြေထောက်ကျည်ထိမှန်ခဲ့တဲ့ အသက် ၃ နှစ်အရွယ် မောင်ဝေဖြိုးအောင်ကတော့ ကြာညှပ်ဆေးရုံမှာ ဆေးကုသမှု ခံနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024