မန္တလေးတိုင်း မတ္တရာမြို့နယ်က ဆယ်ပယ်ကျေးရွာမှာ ယာဥ်ထိန်းရဲတပ်ဖွဲ့က တပ်ကြပ်ကြီးအဆင့်ရှိ အောင်ကျော်မျိုးဟာ မေ ၂၇ ရက်က နေအိမ်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
မေ ၂၇ ရက် ညနေ ၄ နာရီလောက်က မတ္တရာမြို့ပေါ်ကနေ ဇနီးဖြစ်သူနေထိုင်ရာ ဆင်ပယ်ကျေးရွာ ကို ပြန်လာတယ်လို့ သတင်ရခဲ့တဲ့အတွက် သွားရောက်ရှင်းလင်းခဲ့တာလို့ ယူနီကွန်းပြောက်ကျား တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
"သူက မတ္တရာမှာ တာဝန်ကျနေတာ။ အချင်းချင်းပဲ သတင်းပေးခဲ့တာပါ။ ၈ ချက် ပစ်ခတ်ခဲ့တာ နေရာမှာတင် ပွဲချင်းပြီးသွားပါတယ်။ ကျနော်တို့အနေနဲ့လည်း ဖုန်းတလုံးက လွဲပြီး ဘာမှ မယူခဲ့ပါဘူး။ သီခြားပြောချင်တာက ပြည်သူကို ဒုက္ခပေး အနိုင်ကျင့်တယ်ဆိုရင် ထိထိ ရောက်ရောက် လုပ်ဆောင်သွားမှာပါ။"
ပစ်ခတ်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix sgg အဖွဲ့နဲ့ စိန်းပန်းနီနီ Drone အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအပြီးမှာ သေဆုံးသူယာဥ်ထိန်းရဲတပ်ကြပ်ကြီးရဲ့ အလောင်းကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ကားတွေနဲ့ လာရောက် သယ်ယူသွားကာ နေအိမ်ပတ်ဝန်းကျင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူလူထုထိခိုက်မှု မရှိခဲ့ဘူးလို့ လတ်တလော သိရပါတယ်။