သြစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ မဲလ်ဘုန်းမြို့ မြန်မာမိသားစုများတွေ့ဆုံပွဲကို ကောလင်းဝုဒ် မြို့ခန်းမမှာ မေလ ၂၈ ရက် ဒီနေ့လယ်ပိုင်းက ပြုလုပ်နေပါတယ်။
NUG ဝန်ကြီးဟာ မြန်မာမိသားစုတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး NUG လုပ်ဆောင်ချက်တွေကို ရှင်းပြမှာဖြစ်သလို အမေးအဖြေတွေလည်း ပြုလုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံပွဲမှာ ဦးအောင်မျိုးမင်းနဲ့အတူ NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်နဲ့ NUG ရဲ့ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့လည်း ပါဝင် တက်ရောက်ကြပါတယ်။
NUG ဝန်ကြီး ဦးအောင်မျိုးမင်းဟာ သြစတြေးလျနိုင်ငံကို ရောက်ရှိနေစဉ် အချိန်အတွင်း အစိုးရရုံးစိုက်ရာ ကင်ဘာရာမြို့မှာ သြစတြေးလျအစိုးရအဖွဲ့ဝင်တွေ၊ သံတမန်တွေနဲ့ တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွှေးခဲ့သလို ပတ်သ်မြို့နဲ့ ဆစ်ဒနီမြို့တွေမှာလည်း မြို့ခံ လူထုတွေ့ဆုံပွဲတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။
PHOTOS: CRPH NUG SUPPORT GROUP - VICTORIA