ရန်ကုန်၊ သန်လျင်မြို့နယ်၊ ဆေးလုံးကြီးချောင်းစောင့်ကျေးရွာအနီး၊ ၆ လမ်းသွားလမ်းမဘေးမှာ မေ ၂၇ ရက် မနက်အစောပိုင်းက ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ပြောပါတယ်။
သီလဝါမှ ဆီသယ်ပြီးပြန်လာတဲ့ ဆီဘောက်ဆာကားဟာ အရှိန်လွန်တိမ်းမှောက်ခဲ့တာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။
"ဖြစ်တဲ့နေရာက ဘုရားကုန်းလမ်းဆုံနဲ့ဆို သိပ်မဝေးဘူး၊ ဆေးလုံးကြီးချောင်းစောင့်ရွာ သီလဝါလမ်းမကြီးမှာပါ။ လူနာက ယာဉ်မောင်း ၁ ဦးနဲ့ စပယ်ယာ ၁ ဦး၊ ကလေးက ၃ နှစ်လောက် ၁ ဦး ရှိပါတယ်။ ယာဉ်မောင်းက ဦးခေါင်းထိခိုက်ထားပါတယ်" လို့ သန်လျင်မြို့ခံ ကယ်ဆယ်ရေးအသင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဆိုပါယာဉ်မီးလောင်မှုကို သန်လျင်မြို့နယ်ခရိုင် မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအသင်းတွေက Level 1 အဆင့် မီးငြှိမ်းသတ်ယာဥ် ၅ စီးနဲ့ ငြှိမ်းသတ်ခဲ့ရပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသား ၁ ဦး၊ ယာဉ်အကူ ၁ ဦးနဲ့ ကားခေါင်းခန်းပါ အသက် ၄ နှစ်အရွယ် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုက လူနာတွေကို သန်လျင်မြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပြီး ဆီဘောက်ယာဉ်ဟာ ဒီမနက် ၀၀◌း၆ မိနစ်က မီးလောင်ခဲ့တာဖြစ်ပြီး မနက် ၁ နာရီ ၅၈ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။