Home
မြန်မာသတင်း
စစ်တွေမြို့တွင် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး ရေနစ်သေဆုံး
DVB
·
May 23, 2023
348301352_782647036729589_7480325070990476693_n

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းတရားချိတ်ရပ်ကွက်မှာ မေ ၂၂ ရက်က ကလေးငယ်တဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အသက် ၇ နှစ်အရွယ် မယွန်းရွှေဦးဟာ မေ ၂၂ ရက် မနက် ၈ နာရီကတည်းက ပျောက်ဆုံးသွားပြီး ညနေ ၅ နာရီမှာ မင်းတရားချိတ်ကန်အတွင်း သေဆုံးကာ ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကလေးရဲ့အလောင်း ပေါ်လာတဲ့အချိန် ညနေ ၅ နာရီခွဲလောက်မှာ ကျနော်တို့ကို အကြောင်းကြားလို့ သွားရောက်ဆယ်ယူခဲ့တယ်” လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း တာဝန်ခံက ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကို စစ်တွေပြည်သူ့ဆေးရုံ ရင်ခွဲရုံမှာ ထားရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024