Home
မြန်မာသတင်း
မုံရွာမြို့က အလှကုန်ဆိုင် ဓားပြတိုက်ခံရ၊ ရွှေထည်ပစ္စည်းနှင့် ကျပ်သိန်း ၇၀၀ကျော် ပါသွား
DVB
·
May 23, 2023
348916238_905071280590299_7602230399553458400_n

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပွဲစားတန်းလမ်းက ငွေဇာလှိုင်းအလှကုန်ဆိုင်ကို မတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီက ဓားပြတိုက်ခဲ့တာကြောင့် ကျပ်သိန်း ၇၀၀ ကျော်နဲ့ ရွှေထည်တချို့ကို ပါသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလုပ်သမားတွေ နေ့လယ်ထမင်းစားချိန် အမည်မသိ လူတစုက ဆိုင်ကယ် ၃ စီးနဲ့ ဈေးဝယ် ဟန်ဆောင်ပြီး အနုကြမ်းစီး ဓားပြတိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီဆိုင်နား နေထိုင်သူ တဦးက "အမျိုးသမီးတစ်ယောက်ပါတယ်။ သူက အရင် ဈေးဝယ်မယ့် ပုံစံမျိုး နဲ့ ဆိုင်ထဲဝင်လာပြီး ပစ္စည်းတွေ အမျိုးမျိုးပြခိုင်းတာ။ ခဏနေတော့ အမျိုးသား  ၄ ဦး ဝင်လာပြီး ဝန်ထမ်း ၂ ယောက်ကို သေနတ်နဲ့ ထောက်ပြီး ပိုင်ရှင်ဆီက  ပိုက်ဆံတွေ အကုန်တောင်းပြီး ထွက်သွားတယ်"လို့ ပြောပါတယ်။ 

ပိုင်ရှင်ထံက ကျပ်သိန်း ၇၀၀ ကျော်နဲ့ ဆိုင်ဝန်ထမ်းတွေ ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနေတွေကိုပါ ချွတ်ယူသွားတယ်လို့ သိရပါတယ်။ 

ဓားပြတိုက်သူတွေမှာ သေနတ်အတို ၁ လက်၊ အရှည် ၁ လက်နဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး တို့ပါဝင်ကာ လမ်းမကြီးအတိုင်း ဆိုင်ကယ်နဲ့ မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့က ရွှေဆိုင်တွေ မကြာခဏ ဓားပြတိုက် ခံနေရပြီး ဖမ်းဆီး နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ 

အခုနှစ်အတွင်း မုံရွာမြို့ရွှေဆိုင်တွေ ဓားပြတိုက်ခံရမှု ၈ ကြိမ် အထိရှိခဲ့ပြီး ဇန်နဝါရီလက ကုန်စုံဆိုင် ဓားပြတိုက်ခံရမှုမှာ ဆိုင်ရှင်ဖြစ်သူ ဓားနဲ့ ထိုးခံရပြီး သေဆုံးခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024