Home
မြန်မာသတင်း
ကော့မှူးတွင် ဆွမ်းခံကြွလာသည့် ဘုန်းကြီး ၁ ပါးနှင့် ကိုရင် ၄ ပါး ကားတိုက်ခံရ
DVB
·
May 22, 2023
348911138_1362047897673823_606262572052587579_n

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ တရုတ်ကုန်းကျေးရွာမှာ မေ ၂၂ ရက် ဒီနေ့မနက် ၉ နာရီက ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို အငှားယာဥ်တစီးက ဝင်တိုက်မိခဲ့ပြီး ဘုန်ကြီးတပါးနဲ့ ကိုရင်လေးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ကွမ်းခြံကုန်းနဲ့ ရန်ကုန်ကို ပြေးဆွဲနေတဲ့ အငှားယာဥ်တစီးက ဝင်တိုက်ခဲ့ပြီး ဘုန်းကြီးတပါးနဲ့ ကိုရင်လေးပါး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မျက်နှာချင်းဆိုင်ဝင်တိုက်တာ၊ ကိုရင်တပါး ပေါင်ကျိုးတယ်၊ ဦးဇင်းတပါး ကိုရင်သုံးပါးက ထိခိုက်ဒဏ်ရာရတယ်။ ကားသမားကို လူတွေဝိုင်းရိုက်မယ်လုပ်တာ လူကြီးတွေက ဖွက်ထားလို့ ရဲတွေလာမှ စခန်းကိုခေါ်သွားတာ။”

ထိခိုက်ဒဏ်ရာရရှိတဲ့ ဘုန်းကြီးတပါးနဲ့ ကိုရင်လေးပါးကို မုဒိတာလူမှုကူညီရေးအသင်းက လူနာတင်ယာဥ်နဲ့ ကော့မှူးဆေးရုံကို ပို့ဆောင်ရာ ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကိုရင်တွေက ဒဏ်ရာရတာများတယ်။ ခေါင်းကွဲတဲ့သူနဲ့ ပေါင်ကျိုးတဲ့သူနဲ့၊ ဦးဇင်းကတော့ ဒဏ်ရာသိပ်မပြင်းဘူး။”

လတ်တလောမှာ ကွမ်းခြံကုန်း-ရန်ကုန် ပြေးဆွဲနေတဲ့ အငှားယာဥ်မောင်း အမျိုးသားကို ကွမ်းခြံကုန်း မြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024