Home
မြန်မာသတင်း
ရန်ကုန်တွင် ဆိုင်ကယ်များကိုဖမ်းဆီးနေသဖြင့် မြင်းလှည်းအသုံးပြုသူများလာ
DVB
·
May 21, 2023
347559133_530867512398368_2672717950633188663_n

ရန်ကုန်တိုင်းအတွင်းက သန်လျင်၊ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ တောင်ဒဂုံမြိုနယ်တွေမှာ ဘေးတွဲဆိုင်ကယ်နဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီက နေ့တိုင်းလိုလိုဖမ်းဆီးနေတဲ့အတွက် ဒေသခံတွေဟာ သွားလာ သယ်ယူပို့ ဆောင်ရေးအတွက် မြင်းလှည်းတွေကို အသုံးပြုနေရတယ်လို့ သန်လျင်မြို့နယ်မှာ နေထိုင်တဲ့ ဈေးသည်တစ်ယောက်က ပြောပါတယ်။

ရန်ကုန်မှာ အရင်က မြင်းလှည်းတွေကို ရပ်ကွက်အတွင်း ကလေးတွေ အပျော်စီးအတွက်သာ ပြေးဆွဲခဲ့ရာက အခုအခါမှာ အသုံးပြုသူများလာသလို ကုန်ပစ္စည်းသယ်ရာမှာ  ဆိုက်ကားနဲ့ တခြားသုံးဘီးဆိုင်ကယ်တွေထက် သယ်ယူစရိတ်သက်သာတဲ့အတွက် မြင်းလှည်းနဲ့ပဲ စျေးသွားစျေးပြန်လုပ်နေရတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

မြင်းလှည်းခအနေနဲ့ လူတစ်ဦးကို ၅၀၀ ကျပ်၊ တခြားကုန်ပစ္စည်းပါရင် ကျပ် ၁၀၀၀ သာ ကုန်ကျတဲ့အတွက် အခြေခံလူတန်းစားတွေအနေနဲ့ မြင်းလှည်းတွေကို ပိုပြီးအသုံးပြုလာနေကြတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလက သန်လျင်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေကို အလှဆင်ထားတဲ့မြင်းလှည်းတွေနဲ့ ရှေးဟောင်းဘုရားစေတီတွေကိုလည်ပတ်နိုင်ဖို့ စစ်တပ်လက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလာရေးအဖွဲကစီစဥ်ခဲ့ပြီး မြင်းလှည်းမောင်းသူတွေကို လိုက်လံချိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

စက်သုံးဆီစျေးနှုန်းမြင့်မားလာတာ၊ ကုန်စျေးနှုန်းကြီးမြင့်လာတဲ့အတွက် အငှားယာဥ်နဲ့ အနှေးယာဥ်စီးခတွေလည်း နှစ်ဆမြင့်တက်နေပြီး ရန်ကုန်တိုင်းတွင်းက မြို့နယ်တချို့ကနေ  မြင်းလှည်းလာရောက်မောင်းနှင်သူတွေရှိတယ်လို့ မြင်းလှည်းမောင်းသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024