Home
မြန်မာသတင်း
အင်းတော်မြို့၌ စစ်တပ်က ကား၊ ဆိုင်ကယ်များကို နေ့စဉ်  စစ်ဆေးဖမ်းဆီး
DVB
·
May 20, 2023
181525-US-dollars-730x365

စစ်ကိုင်းတိုင်း အင်းတော်မြို့၊ ညောင်ပင်စုရပ်ကွက် သံလမ်းကျော်မှာ မေ ၂၀ ရက် မနက်က စစ်တပ်လက်အောက်ခံ ရဲနဲ့ စစ်သား‌တွေပေါင်ပြီး ကား၊ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက  "PDF လို့ ဆိုပြီး ဖမ်းခံရတာတွေရှိတယ်။ ဘယ်သူတွေ ဆိုတာတော့ မသိဘူး။ အင်းတော်မှာ နေ့တိုင်းလိုလို ဖမ်းနေတာ။ မနက် ၁၀ နာရီလောက်ကလည်း အင်းတော်ကနေ ဗန်းမောက်ဘက်အထွက်လမ်း အောင်မင်္ဂလာရပ်ကွက် ချောင်းကမ်းဘေးလမ်းမှာ လာသမျှ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးနေတာ။ အင်းတော်မှာက အမျိုးသမီးတွေရော၊ အမျိုးသားတွေရော နေ့တိုင်း ဖမ်းခံနေရတာ။ သူတို့ မသင်္ကာတဲ့ လူမှန်သမျှ အကုန်ဖမ်းနေတာ။ တချို့တလေဆို မိဘတွေကို ခေါ် အာမခံခိုင်းပြီး လွှတ်ပေးတယ်၊ တချို့ကျတော့ မလွတ်ပေးဘူး" လို့ ပြောပါတယ်။

စစ်တပ်လက်အောက်ခံ Telegram Channel နဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ အင်းတော်မြို့မှာ PDF တွေ ဖမ်းမိတယ်ဆိုပြီး ရေးသားထားပါတယ်။

မေ ၁၃ ရက်ကလည်း အင်းတော်မြို့ စစ်ဆေးရေးဂိတ်မှာ ဓာတ်ပုံနဲ့ လူနဲ့တွဲကာ တိုက်​ပြီးစစ်ဆေးရာမှ အမျိုးသမီး ၂ ယောက် ဖမ်းဆီးခံရတယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။

မတ် ၁၉ ရက် နဲ့ ၂၀ ရက်ကလည်း အင်းတော်မြို့ပေါ်မှာ အမျိုးသား ၃ ယောက်ကို PDF လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024