Home
မြန်မာသတင်း
စစ်တပ် လက်နက်ကြီးပစ်ခတ်သဖြင့် ကော့ကရိတ် နောင်တလာကျေးရွာက နေအိမ် ၁ လုံး ပျက်စီး
DVB
·
May 17, 2023
347093835_642762834335120_1600981324673609463_n
346272592_789257149576089_8522207914907431884_n

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ကြာအင်းကျေးရွာအနီးက နောင်တလာကျေးရွာကို မေ ၁၅ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ နောင်တလာရွာသားတဦးက ပြောပါတယ်။

“၂ နာရီခွဲဝန်းကျင်က စကစ အလုံးကြီး လှမ်းထုလို့ ရွာက အိမ်တလုံး မီးလောင်သွားတယ်။ ကော့ကရိတ်ဘက်ကပဲ ထုနေတာ။ လူထိတာတော့ မရှိဘူး။ အလုံးကြီးက သုံးလုံးလောက် ထုတာ။”

အခုလို စစ်ကောင်စီတပ်တွေက နေ့တိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နောင်တလာကျေးရွာနဲ့ တောင်ကြာအင်းကျေးရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“ဒီအတောအတွင်းပဲ ရှောင်နေကြတာ တခြားရွာမှာ သွားပြောင်းလိုက်တာ။ အခုလိုမဖြစ်ခင် အရင်တုန်းကတော့ ခဏခဏ ပြန်လာသေးတယ်။ အခုကတော့ အိမ်ပဲထိလို့ လူတွေ ဘာမှမဖြစ်လို့ ကံကောင်းတာပေါ့။”

နောင်တလာကျေးရွာမှာ လူဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၁၂၀ ကျော်လောက်ဟာ မေလ ပထမအပတ်လောက်ကတည်းက ခူနီ၊ ဖားကျ၊ သမိန်ဒွတ်၊ သာမညနဲ့ ဘားအံမြို့ဘက်တွေမှာ စစ်ဘေးရှောင်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တောင်ကြာအင်းကျေးရွာက နေအိမ် ၂ လုံး၊ လောင်းကိုင်ကျေးရွာက နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024