Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့် စစ်တွေမြို့တွင် ကုန်ပစ္စည်းများ စျေးတင်ရောင်းချနေ
DVB
·
May 16, 2023
347132092_1205419806793326_3336980370884531142_n
347367788_752338246638273_3305831181391276473_n
Sittwe market Mocha
347372386_649896397152441_7104037871290891267_n

မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ပျက်စီးမှုတွေကြား မေ ၁၄ ရက် ညနေက စစ်တွေမြို့မှာ ကုန်စျေးနှုန်းတင်ရောင်းချမှုတွေ ရှိခဲ့ကြောင်း မြို့ခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့ခံတဦးက “အခြေခံစားကုန်များထဲကဆို ဂေါ်ဖီထုပ် ၁ ထုပ် ၁၀,၀၀၀၊ ကြက်ဥ ၁ လုံး ၁,၀၀၀ တွေ ဖြစ်သွားတယ်လေ။ ဓာတ်ဆီကျ ၁ လီတာ ၅,၀၀၀ ပေးရတယ်။ ဒီလို အချိန်မှာ အဲလို လောဘတက်နေတာတော့ မကောင်းပါဘူး” လို့ ပြောပါတယ်။

မုန်တိုင်းပြီးစအချိန်တွေမှာဆို အပျက်အစီးတွေကြား သွားလာရတာကခက်၊ တနေရာနဲ့တနေရာ သွားလာရတာက လမ်းတွေကဝေးနဲ့ ကား ဆိုင်ကယ်တွေ သုံးလို့မရချိန် ကုန်စျေးနှုန်းတွေ တင်ရောင်းတာကြောင့် အဲလို စျေးတင်ရောင်းတဲ့ဆိုင်တွေကို စာရင်းမှတ်ထားကြဖို့၊ သပိတ်မှောက်ဖို့ အချင်းချင်း သတိပေးရတယ်။ တချို့သူတွေကတော့ ဖုန်းဆင်းမ်ကတ် စျေးလျှော့ရောင်းပေးတာမျိုး၊ သံ သွပ်တွေ စျေးအဆင်ပြေအောင် လုပ်ပေးတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်က ဘယ်လိုအမိန့်ထုတ်ထားလဲတော့ မသိဘူး။ အေအေဘက်ကတော့ စျေးတင်မရောင်းဖို့ အမြတ်ကြီးစားတာတွေ မလုပ်ဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မေတ္တာရပ်ခံထားတယ်” လို့ စစ်တွေဒေသခံ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။

အီးပီစီဓာတ်တိုင်တွေလည်း ၅၀ ရာခိုင်နှုန်းလောက်ကို လဲကုန်တော့ လျှပ်စစ်မီးရဖို့လည်း မလွယ်ကူသေးဘဲ MPT ဖုန်းလိုင်းရတဲ့ နေရာတချို့ရှိနေပေမဲ့ ဆက်သွယ်ဖို့ မလွယ်ကူကြောင်းလည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024