Home
မြန်မာသတင်း
ယင်းမာပင်နှင့် ဆားလင်းကြီးဒေသတွင်  မုန်တိုင်းရှောင်များ နေရပ်မပြန်နိုင်ကြသေး၊ အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေ
DVB
·
May 16, 2023
347132166_870918127726491_7142059386025171589_n
347250307_1638912126576458_6541764675874357189_n
346888551_667844488483934_1950731400600080319_n
346269633_908486533594800_2353085642280565990_n
347093553_758265295797872_8939005147984659501_n
347603061_2310291209166795_5435292815766720738_n
347099773_234329869216128_4052406903643620737_n
347231166_740451027822855_8016919894061180728_n
347381336_926002008517226_3683325021694499480_n
347262663_767091231755186_2886722323582084232_n
346982625_1313645155890664_7329603333695355826_n

မေလ ၁၄ ရက်က မြောက်ယမား‌ဆည် လက်တံကျိုးတဲ့အတွက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ရွာတွေမှာ ရေတက်လာတာကြောင့် ဒေသခံတွေက ညတွင်းချင်း တိမ်းရှောင်နေကြရတာမှာ မေလ ၁၆ ရက်မှာတော့ ရေကျသွားပေမဲ့ နုန်းတွေတင်ကျန်ပြီး နေအိမ်တွေမှာ မပြန်နိုင်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ယင်းမာပင်မြို့နယ်ထဲက ဘိန်းနွယ်ချောင်၊ ကျေးစာကျ၊ ရေကြည်ပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ဒုန်းတော၊ ဂုဏ်တောနဲ့ ရွာသာရွာတို့က အဆိုးဆုံးဖြစ်နေပြီး ဆည်လက်ကျိုးတာကြောင့် ရေက အရှိန်တဲ့ တက်လာတဲ့အတွက် အဝတ်အထည်နဲ့ စားသောက်ဖို့ မယူနိုင်ဘူးလို့ ဒေသခံတွေကို ကူညီပေးနေတဲ့ တက်ကြွလှုပ်ရှားသူ တစ်ယောက်က ပြောပါတယ်။

လတ်တလောမှာ နီးစပ်တဲ့ ဘုန်းကြီးကျောင်းနဲ့ အမြင့်ပိုင်းက နေအိမ်တွေမှာ စုနေကြရပြီး နေ့ခင်းဘက်တွေမှာ ရွာသန့်ရှင်းဖို့ စုပေါင်းလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ ရွာတွေထဲ နုန်းတင်ကျန်မှုက ဆိုးဝါးတဲ့အတွက် နေအိမ်ပြန်နေကြဖို့ အချိန်ကြာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံအနှံ့မှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတာဖြစ်ပြီး စစ်ကိုင်းတိုင်းထဲမှာလည်း လေပြင်းတိုက်ခတ်တာနဲ့ မိုးရွာတာတွေကြောင့် နေအိမ်ပြိုကျတာနဲ့ စိုက်ခင်းတွေ ရေဝင်ပြီး ပျက်စီးတာတွေလည်းရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024