ဂွမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် လူနေအိမ်တချို့ပျက်စီး (ဓာတ်ပုံ)
DVB
·
May 14, 2023
အားကောင်းတဲ့ ဆိုင်ကလုန်း "မိုခါ" ကြောင့် ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ မေ ၁၃ ရက် ညနေပိုင်းက လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
[envira-gallery id='593189']
မေ ၁၃ ရက်ညက အားကောင်းတဲ့ ဆိုင်ကလုန်း "မိုခါ"ကြောင့် လေပြင်းများ ဂွမြို့နယ်အတွင်း ဝင်ရောက် တိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။
အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း" မိုခါ"ဟာ စစ်တွေမြို့နယ် မိုင် ၁၂၀ ခန့်သာ ကွာဝေး တော့ပြီး မေ ၁၄ ရက် နေ့လယ်ပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်ထားပါတယ်။