ချင်းပြည်နယ်၊ မတူပီမြို့အနီး မေလ ၁၂ ရက် မနက်က အင်အားရစ်ချ် တာစကေး ၄ ဒသမ ၆ ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် ဒီနေ့မနက် ၃ နာရီ၊ ၁၄ မိနစ်၊ ၅၅ စက္ကန့် အချိန်က ဟားခါးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၇၃ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း မတူပီမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၂၁ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၆၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၁၂ ဒီဂရီ၊ အနက် ၇၁ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှား သွားတာလို့ ဆိုပါတယ်။
အဆိုပါ မြေငလျင်ကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မကြားသိရသေးပါဘူး။