Home
မြန်မာသတင်း
မကွေးထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော် လွတ်မြောက်
DVB
·
May 4, 2023
Magway prison

မကွေးတိုင်း၊ မကွေးအကျဥ်းထောင်မှ ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၄၀ ကျော်ဟာ မေလ ၂ ရက် မနက်ပိုင်းက စည်းကမ်းသတ်မှတ်ချက်နဲ့ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အကျဉ်းထောင်နဲ့နီးစပ်သူတဦးက “ပြန်လွတ်လာတဲ့သူတွေကတော့ မကွေး၊ ရေနံချောင်း၊ ချောက်၊ နတ်မောက်မြို့နယ်တွေက ပါတယ်။ နောက်ပြီးကျတော့ နာမည်ကြီးတဲ့သူ တယောက်မှမပါဘူး။ ကိုနေမျိုးကျော်တို့လည်း မလွတ်သေးဘူး။ သာမန် လက်လုပ်လက်စားထဲက ဆန္ဒပြရင်း အဖမ်းခံရသူတွေပဲ ပါတယ်”လို့ ပြောပါတယ်။

မင်းဘူး၊ စလင်း၊ ပွင့်ဖြူမြို့နယ်တွေကလည်း မပါဘဲ စလင်း၊ ပွင့်ဖြူဘက်ကဆိုရင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ အဖွဲ့တွေ အများကြီးရှိပြီး ပြန်လွှတ်ပေးတဲ့အထဲမှာ လုံးဝပါမလာခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရသူ ၂,၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ နောက်တကြိမ် ပြစ်မှုကျူးလွန်ရင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ တပေါင်းတည်းကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024