Home
မြန်မာသတင်း
နေပြည်တော်တွင် ဒုအရာခံဗိုလ် ၁ ဦး လမ်းကြိတ်စက်ကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိပြီး သေဆုံး
DVB
·
May 1, 2023
344571678_272864868499903_978081279347745088_n

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ နန်းဩအုပ်စု ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၂၃၆/၂ နဲ့ ၂၃၆/၃  မှာ ဧပြီ ၃၀ ရက် ညနေ ၅ နာရီက လမ်းမပေါ်  မောင်းနှင်နေတဲ့ လမ်းကြိတ်စက်ကို အနောက်ကနေ ဆိုင်ကယ်နဲ့ ဝင်တိုက်မိရာက ဆိုင်ကယ်မောင်းတဲ့ ဒုအရာခံဗိုလ်တယောက် သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ကရုဏာရှင်လူမှုကူညီရေးအသင်း တာဝန်ရှိသူက “တပ်ကုန်းဘက်ကနေ ပျဉ်းမနားဘက်ကို လမ်းကြိတ်စက်က လမ်းဟောင်းပေါ်ကနေ မောင်းလာတာကို နောက်က ဆိုင်ကယ်က ဝင်တိုက်မိတာ။ ဆိုင်ကယ်မောင်းသူတော့ ပွဲချင်းပြီး သေသွားတယ်။ နောက်က လိုက်စီးတဲ့ ကလေးကတော့ ဒဏ်ရာရသွားတယ်”လို့ ပြောပါတယ်။

လမ်းကြိတ်စက်ကို ဝင်တိုက်ပြီး သေဆုံးသွားသူကတော့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုအရာခံဗိုလ် အောင်မြင်သူဖြစ်ပြီး နဖူးကွဲဒဏ်ရာနဲ့ နေရာတွင် ပွဲချင်းပြီးသေဆုံးကာ တပ်မတော်ဆေးရုံ ခုတင် ၁၀၀၀ ကို ပို့ဆောင်ပေးခဲ့ရပါတယ်။

ဒဏ်ရာရတဲ့ ကလေးငယ်ကို‌တော့ ပြည်သူ့ဆေးရုံ ခုတင် ၁၀၀၀ ကို ပို့ဆောင်ပေးခဲ့တယ်လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024