Home
မြန်မာသတင်း
ဂွမြို့နယ်၌ အလျား ၇ ပေခွဲခန့်ရှိသည့် ဝေလငါးအသေ ၁ ကောင် တွေ့ရှိ
DVB
·
April 28, 2023
Whale shark

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ပင်လယ်ကမ်းစပ်မှာ ဝေလငါးအသေတကောင်ကို ဧပြီ ၂၆ ရက် မနက်ပိုင်းက သောင်တင်တွေ့ရှိခဲ့ကြကြောင်း ဂွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

“ဒီငါးက ဝေလငါးအုပ်စုဝင် ဝေလငါးပု (Dwarf Sperm Whale) ဖြစ်တယ်ဗျ။ အလျား ၇ ဒသမ ၅ ပေ၊ အနံ ၄ ဒသမ ၅ ပေရှိတယ်။ သဘာဝအတိုင်း သေဆုံးခဲ့တာသာဖြစ်တယ်” လို့ ဂွမြို့နဲ့ ကျိန္တလီမြို့နယ်ခွဲ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ဝေလငါးပု (Dwarf Sperm Whale) ကို ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာအနီးရှိ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်သွားလာသူတွေက တွေ့ရှိခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေနဲ့ အရပ်ဘက် လူမူကူညီရေးအဖွဲ့တွေကို အကြောင်းကြားခဲ့ကြတာပါ။

အဆိုပါ သေဆုံးနေတဲ့ငါးကို ငါးလုပ်ငန်းဦးစီးဌာနက စစ်ဆေးမှုပြုလုပ်ပြီးနောက် ဧပြီ ၂၇ ရက် မနက်ပိုင်းက ကြွေချိုင်ကျေးရွာအနီး ဒီရေလွတ်တဲ့ နေရာတခုမှာ မြေမြှုပ်နှံခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ခမောက်ရွာအနီးမှာ အရှည် ၂၆ ပေရှိ ဝေလငါးမန်း (Whale Shark) တကောင်ကို သောင်တင်သေဆုံးလျက် တွေ့ရှိခဲ့ပါသေးတယ်။

အလားတူ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့နဲ့ ၂၇ မိုင်ခန့်ဝေးတဲ့ ပင်လယ်ကမ်းခြေမှာ အလျား ၄၃ ပေခန့်ရှိ ပုပ်ပွနေတဲ့ ဝေလငါးသေတကောင် တွေ့ရှိခဲ့သလို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၆ ရက်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော်ကမ်းခြေအနီးမှာ ဝေလငါးတကောင် သောင်တင်သေဆုံးခဲ့ကြောင်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024