Home
မြန်မာသတင်း
လေကြောင်းထပ်မံ တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် မန်ကျည်းကန်ရွာသားများ ထွက်ပြေးနေရ
DVB
·
April 23, 2023
342625013_538786614997010_5231456987772571511_n

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာက ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ကြောက်လန့်ပြီး ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင် နေရကာ အကူညီတွေလို အပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မန်ကျည်းကန်ကျေးရွာကို ဧပြီလ ၁၈ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးတဲ့ နောက် ဒေသခံပြည်သူတွေဟာ နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာမှာကို ကြောက်ရွံ့ထိတ်လန့်ပြီး ဘေးလွတ်ရာနေရာတွေမှာ ရွာလုံးကျွတ် ထွက်ပြေး တိမ်ရှောင် နေကြ ရတယ်လို့ မန်ကျည်းကန်ကျေးရွာသား တယောက်က ပြောပါတယ်။

“နေစဉ်နီးပါး ဘယ်က တက်လာတယ်၊ ညာက တက်လာတယ်ဆိုတဲ့ သတင်းတွေအရ လေကြောင်းရန်ကို ကြောက်လန့်ပြီး ယခုအချိန်ထိ ကိုယ့်အိမ်ကို ပြန်မနေရဲကြသေးဘူး။ NUG အစိုးရအနေနဲ့ တခုခုများ လုပ်ဆောင်ပေးနိုင်တဲ့ အနေထားမျိုးတွေ ရှိသလား သိချင်တယ်”

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာ အိမ်ခြေ ၄၀၀ ကျော် လောက်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရကာ အကူညီတွေ အရေးပေါ် လိုအပ် နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024